Events
အိန္ဒိယသမ္မတနိုင်ငံ၊ Delhi- NCR ၊ Greater Noida တွင် iPHEX နိုင်ငံတကာပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-16 14:20:26
အိန္ဒိယသမ္မတနိုင်ငံ၊ Delhi- NCR ၊ Greater Noida ၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ iPHEX နိုင်ငံတကာပြပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ iPHEX နိုင်ငံတကာပြပွဲသည် အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရပ်တည်ချက် ဖြစ်သည့် အိန္ဒိယနိုင်ငံကို ကမ္ဘာ့ဆေးဝါးနိုင်ငံအဖြစ် ဖော်ဆောင်ရန်ဖြစ်ပြီး ဆေးဝါးများနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတို့ကို ကမ္ဘာတစ်ဝန်းကို ပြသမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းမှ ပြပွဲပြသသူများနှင့် လာရောက်သူများအတွက် နှစ်စဉ်ကျင်းပသည့် စီးပွားရေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ဆေးဝါးများနှင့်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဆိုင်ရာ အိန္ဒိယကုမ္ပဏီ ၃၆၀ ကျော်မှ ပါဝင်ပြသမည်ဖြစ်ပြီး ပြည်တွင်းမှလာရောက်သူ ၂၀,၀၀၀ ကို ဆွဲဆောင်နိုင်မည်ဖြစ်ရာ ပြပွဲသို့ အစိုးရကိုယ်စားလှယ် ၁ ဦး၊ ဆေးဝါးဖော်စပ်ထုတ်လုပ်သည့်ကဏ္ဍမှ ကိုယ်စားလှယ် ၂ ဦးနှင့် ဆေးဝါး တင်ပို့သူအတွက် အသွားအပြန်လေယာဉ်စရိတ် (ကိုယ်စားလှယ်များအနေဖြင့် လေယာဉ်လက်မှတ် များကို ဝယ်ယူရမည်ဖြစ်ပြီး Pharmexcil မှ မူဝါဒနှင့်အညီ စရိတ်များကို ပြန်လည်ထုတ်ယူပေးမည် ဖြစ်ကြောင်း) နှင့် ပြပွဲကာလအတွင်း တည်းခိုနေထိုင်စရိတ်ကို ကျခံပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိ ပါသည်။
iPHEX သို့ တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် iphex-india.com တွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Mr. Murali ၊ ဒါရိုက်တာ ၊ ဖုန်း၊ +၉၁ ၉၈၄၉၂၈၃၄၆၁ သို့မဟုတ် Mr. Kamal ၊ ဒါရိုက်တာ၊ ဖုန်း၊ +၉၁ ၉၈၉၉၃၉၂၉၃၀ နှင့် E-mail: [email protected] တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ