Events
Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ကျင်းပမည်
Updated At: 2025-03-17 18:08:57
ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) သို့ မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လေ့လာနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ပြခန်းများ လာရောက်ပြသနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်းကျင်းပသော နိုင်ငံတကာအဆင့်မီပြပွဲကြီးဖြစ်ပြီး၊ နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေးနိုင်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည့် Global Platform တစ်ခုဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ IME သည် နိုင်ငံအလိုက်၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး အခွင့်အလမ်းများအတွက် ဝန်ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာအဖွဲ့အစည်းများ (Investment Promotion Agencies) များနှင့် အခြားသော Stakeholder များအကြား အကျိုးရှိစေမည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ရက်တစ်ခုလည်း ဖြစ်ကြောင်း၊
၂။ IME သို့ ဂျာမနီ၊ ပြင်သစ်နှင့် အခြားသော ဥရောပနိုင်ငံများ၊ အမေရိကန်နှင့်အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံများစွာမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီးများနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော Investment and Technology Promotion Office of United Nations Industrial Development Organization (UNIDO ITPO) ၊ European Investment Bank (EIB) ၊ OECD နှင့် The German Society for International Cooperation (GIZ) တို့မှ ကိုယ်စားလှယ်များ၊ Investment Promotion Agency များ၊ ဂျာမနီအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံး များမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ Industry Expert များ၊ မိသားစုစီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေနှင့်အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများနှင့် SMEs လုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်လေ့ရှိကြကြောင်း၊
၃။ ယခုနှစ်ကျင်းပမည့် IME 2025 ကို Investing in Tomorrow, Pathways to a Sustainable Future ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ၎င်းတို့၏ Website ဖြစ်သော http://ime-europe.eu/exhibitors/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊
Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) သို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025