Events
CAFE SHOW CHINA 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-05-20 14:09:29
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ China International Exhibition Center (Chaoyang) တွင် CIEC Overseas Exhibition Co., Ltd မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “CAFE SHOW CHINA 2025” ပြပွဲသို့ မြန်မာနိုင်ငံမှ ကော်ဖီ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲအတွက် အောက်ပါအချက်များ ဖော်ပြပါရှိသည်-
၁။ ယခင်နှစ် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီးလာရောက် ကြည့်ရှုလေ့လာသူ များစွာရှိခဲ့ကြောင်း၊
၂။ ယခုနှစ်ကျင်းပပြုလုပ်မည့် CAFE SHOW CHINA 2025 တွင်လည်း သံရုံးများ၊ ကော်ဖီ အသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ လာရောက်ပြသရန် ဖိတ်ကြားလိုကြောင်း၊
၃။ ပြခန်းနှင့်စပ်လျဉ်း၍ သံရုံးများအတွက် ၃ မီတာပတ်လည် Free Standard Booth တစ်ခုစီစဉ် ပေးမည်ဖြစ်ပါကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် သီးခြားပြခန်းများဖြင့် ပြသမည်ဆိုပါက သတ် မှတ်ဈေးနှုန်း မှာ ၃ မီတာပတ်လည်အတွက် ၉၉၀၀ ယွမ်ကျခံရမည်ဖြစ်ကြောင်း၊
၄။ ပြပွဲစီစဉ်ခြင်း၊ ဝယ်ယူခြင်းတို့နှင့်သက်ဆိုင်သည့် အခြားသောပူးပေါင်းဆောင်ရွက်မှုများအတွက် လည်း ဖိတ်ခေါ်ကြောင်းနှင့် ၎င်းတို့အားဆက်သွယ်မေးမြန်းနိုင်ကြောင်း။
အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကော်ဖီအသင်းမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်သိရှိလိုပါက Ms. Mai Du, Project Manager, Tel: +86 10 84600697, email: duyichun@ ciec.com.cn, Mobil & Wechat: 1566141884 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025