Events
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2024-03-25 11:26:05

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များတင်ပို့ရာတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့်လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ In Person/ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးပွဲသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ပေကျင်းမြို့မှ မြန်မာစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့်အတူ ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးဖြစ်ထွန်းပြီး တရုတ်နိုင်ငံမှ ဝယ်ယူလိုသော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) စာရင်း တွင် ပါရှိပြီး ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပို့ကုန် လျာထားချက်ပြည့်မီရန် မြန်မာ့လယ်ယာထွက်ကုန်များအတွက် အရေးပါသည့် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များကို GACC မှတ်ပုံတင်စာရင်းတွင် ပါရှိနိုင်ရေးအတွက် ထိထိရောက်ရောက် ဆွေးနွေးကြစေလိုကြောင်း၊ အသင်းအဖွဲ့များမှ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းစွာညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးသံမှူးနှင့် အသင်းအဖွဲ့များမှ တက်ရောက်လာကြသူများက GACC တွင် မှတ်ပုံတင်ရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်စေရေးကိစ္စများအား ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို (၁၅:၂၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025