Events
FTI EXPO 2025 ကျင်းပမည်
Updated At: 2024-12-24 14:13:22
ထိုင်းနိုင်ငံ၊ Queen Sirikit National Convention Center, Hall 5-8 ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ FTI EXPO 2025 ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကိုဖော်ပြထားပါသည်-
၁။ Federation of Thai Industries (FTI) သည် ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် စက်မှုလုပ်ငန်းဦးဆောင်သူများအား စုစည်းပေးလျက်ရှိသည့် အကျိုးအမြတ် မယူသော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ FTI သည် ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ကဏ္ဍပေါင်းစုံပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်လျက် “One FTI” မူဝါဒမှတစ်ဆင့် ထိုင်းနိုင်ငံစက်မှုကဏ္ဍမြှင့်တင်ရန်၊ ကမ္ဘာ့ထုတ်ကုန်အခြေစိုက် နေရာအဖြစ် ထိုင်းနိုင်ငံမှ အဆင်သင့်ဖြစ်နေမှုတို့ကို ပြသရန် FTI သည် “Empowering Thai Industry, Elevating Thailand’s Future” ခေါင်းစဉ်အောက်မှ “FTI EXPO 2025” ကို ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း။
၂။ အဆိုပါပြပွဲအခမ်းအနားသည် 4GO သဘောတရားဖြစ်သည့် GO Digital & AI, Go Innovation, Go Global, Go Green နှင့်အညီ ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍ၊ ရှေ့ဆက်ဆောင်ရွက်မည့် ရည်မှန်းချက်ကို မိတ်ဆက်သွားရန် ရည်ရွယ်ပါကြောင်း၊ ၎င်းပြပွဲသည် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များပြသခြင်း၊ စီးပွားရေး ရေရှည်တည်တံ့မှုကို ပံ့ပိုးပေးသည့် နည်းပညာအဆင့်မြှင့်တင်မှုများ၊ ကမ္ဘာ့ခေတ်ရေစီးကြောင်း၏ စက်မှုကဏ္ဍကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ခြင်း၊ ဈေးကွက်ချဲ့ထွင်ရေး အခွင့်အလမ်းများ ရှာဖွေနိုင်ရန် စီးပွားရေးကွန်ယက်ချဲ့ထွင်ခြင်းတို့အတွက် စင်္ကြံတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း။
၃။ FTI EXPO 2025 ပြပွဲသို့ ပြခန်းကြိုတင်ရယူရန် စိတ်ပါဝင်စားသူများအနေဖြင့် ရရှိနိုင်သော packages များကို ထည့်သွင်းစဉ်းစားနိုင်ရန် သို့မဟုတ် အသေးစိတ်အချက်အလက်များအတွက် FTI ၏ နိုင်ငံခြားရေးဌာနသို့ ဆက်သွယ်နိုင်ပါကြောင်း။
အထက်ပါ FTI EXPO 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြခန်းကြိုတင်ရယူလိုပါက ဖုန်းနံပါတ် +၆၆ ၂၃၄၅ ၁၀၀၀ နှင့် www.fti.or.th တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာန ခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ