Events

BRICS 2025 Global Agriculture Exhibition and Forum ကျင်းပပြုလုပ်မည်

Updated At: 2025-02-25 13:14:49

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့်ဖိုရမ် (BRICS 2025 Global Agriculture Exhibition and Forum) သို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ကဏ္ဍမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ပြသနိုင်ပါကြောင်း သိရှိရသည်။

အဆိုပါပြပွဲကို စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အပြန်အလှန် မဟာဗျူဟာများ ရေးဆွဲနိုင်ရန်နှင့် ဟန်ချက်ညီ၍ နှစ်ရှည်အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲနှင့်ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြပွဲလေ့လာသူပေါင်း ၁၅,၀၀၀ ကျော် လာရောက်မည်ဖြစ်ပြီး ရုရှားစီးပွားရေးကုမ္ပဏီပေါင်း ၅၀၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။

ပြပွဲတွင် မြေဆီလွှာအသုံးချမှုနှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှုအနေဖြင့် အပင်ပိုးမွှားကာကွယ်သည့် ပိုးသတ်ဆေးနှင့်ထုတ်ကုန်များ၊ ဓာတ်မြေသြဇာများ၊ အော်ဂဲနစ်မြေဩဇာများ၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများအနေဖြင့် မွေးမြူရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ အသင့်စား အသားထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများ၊ ရေဆိုးသန့်စင်စက်ရုံနှင့် လေဝင်လေထွက်စနစ်များ၊ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ သီးနှံထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်းနည်းစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဇီဝလောင်စာနှင့် အော်ဂဲနစ်မြေဩဇာ ပြောင်းလဲခြင်း နည်းစနစ်များ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တိရိစ္ဆာန်အစားအစာ၊ အစေ့အဆန်များနှင့် ဖြည့်စွက်ပစ္စည်းများ ပေါင်းစပ်ဒီဇိုင်းထုတ်ထားသော တိရိစ္ဆာန်ဒြပ်ပေါင်း အစားအစာထုတ်ကုန်များ စသည်တို့ကို ပြသသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် VIP Package နှင့် Package of Foreign Delegations ဟု နှစ်မျိုး ရွေးချယ်နိုင်သည်။ VIP Package တွင် ၁ စတုရန်းမီတာလျှင် ၂၅,၀၀၀ ရူဘယ် ကျသင့်မည်ဖြစ်ပြီး၊ ပြပွဲဧရိယာမှာ ၅၀-၁၅၀ စတုရန်းမီတာ (Standard Booth ၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၇၀ ကျော်ခန့် ခင်းကျင်းနိုင်) ဖြစ်သည်။ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးအတွက် ပြပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ခွင့်၊ နေ့လည်စာနှင့် ကော်ဖီဧည့်ခံခြင်း၊ ဖိုရမ်တွင်ပါဝင်ဆွေးနွေးခွင့်၊ အဖျော်ယမကာများနှင့် အစားအသောက် မီနူးအသစ်များ မြည်းစမ်းခြင်း အစီအစဉ်များတွင် တက်ရောက်သူအနေဖြင့်သော်လည်းကောင်း၊ ဧည့်သည်အနေဖြင့်သော်လည်းကောင်း အတွေ့အကြုံနှင့် ထင်မြင်ချက်များ ဆွေးနွေးဖလှယ်ခွင့်၊ ဖိုရမ်၏ Display Screen များတွင် မိမိကုမ္ပဏီအကြောင်း ကြော်ငြာခွင့်၊ မီဒီယာများနှင့် မေးမြန်းခြင်းအစီအစဉ်များ၊ BRICS 2025 Catalog တွင် ပါဝင်ဖော်ပြခွင့်၊ ပြပွဲနှင့် ဖိုရမ်၏ အခြာအစီအစဉ်များတွင် ပါဝင်ခွင့်များနှင့် အထိမ်းအမှတ်ကမ္ပည်းပြားတို့ကို ရရှိမည်ဖြစ်သည်။

Package of Foreign Delegations တွင် ၁ စတုရန်းမီတာလျှင် ၃၀,၀၀၀ ရူဘယ် ကျသင့်မည်ဖြစ်ပြီး၊ ပြပွဲဧရိယာမှာ ၁၀၀-၁၅၀ စတုရန်းမီတာ (Standard Booth ၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ခန့် ခင်းကျင်နိုင်) ဖြစ်သည်။ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးအတွက် ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခွင့်၊ နေ့လည်စာနှင့် ကော်ဖီဧည့်ခံခြင်း၊ ဖိုရမ်တွင် ပါဝင်ဆွေးနွေးခွင့်၊ အဖျော်ယမကာများနှင့် အစားအသောက်မီနူးအသစ်များ မြည်းစမ်းခြင်း အစီအစဉ်များတွင် ဒိုင်အဖြစ် ‌ဆောင်ရွက်ခွင့်နှင့် မိမိထုတ်ကုန်အား ပြသကြော်ငြာခွင့်၊ ဖိုရမ်၏ Display Screen များတွင် မိမိ ကုမ္ပဏီအကြောင်း ကြော်ငြာခွင့်၊ မီဒီယာများနှင့် မေးမြန်းခြင်းအစီအစဉ်များ၊ BRICS 2025 Catalog တွင် ပါဝင်ဖော်ပြခွင့်၊ ပြပွဲနှင့် ဖိုရမ်၏ အခြားအစီအစဉ်များတွင် ပါဝင်ခွင့်များနှင့် အထိမ်းအမှတ်ကမ္ပည်းပြားတို့ကို ရရှိမည်ဖြစ်သည်။

နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့်ဖိုရမ် (BRICS 2025 Global Agriculture Exhibition and Forum) သို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။

Event Details

Date
5th to 7th May, 2025
Location
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့
Website

More Events