Events
“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Updated At: 2025-01-20 12:32:12
ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာနိုင်ငံမှ ဝါးများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး အတွက် “ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကို စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော် ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၀၉ : ၃၀ နာရီတွင်ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က အမှာစကားပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ လက်မှု အနုပညာအသင်း၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်း၊ မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူမျိုးတူစုအဖွဲ့နှင့် ဆက်စပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ပြုချက်နှင့်အညီ ပြည်ပပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သည့်အတွက် ပို့ကုန်အလား အလာရှိတဲ့ အမည်များ ဖော်ထုတ်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝါးပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိတဲ့အတွက် ဝါးတန်ဖိုးမြှင့် လုပ်ငန်းများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ကြောင်း၊ ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးပို့ကုန် ထုတ်လုပ်တင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှု့ခဲ့ကြပါ သည်။ ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲတွင် ဝါးစျေးကွက်အခြေအနေများ၊ ထုတ်ကုန်များ ထုတ်လုပ်မှုအခြေအနေများ၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဝါးစိုက်ပျိုးရေးထုတ်လုပ်မှုနှင့် ဝါးသယံဇာတရေရှည်အသုံးချနိုင်ရေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ပါသည်။
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့။
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025