Events
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “အုန်းသီးထွက်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်)” ဖွင့်လှစ်ခြင်း။
Updated At: 2023-08-03 15:26:09
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိ သောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း” ၏ လုပ်ငန်းအစီအစဉ်အရ “အုန်းသီးထွက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်)” ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ သင်တန်းပို့ချခြင်းအစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ Shekinah Hotel တွင် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းတွင် ဈေးကွက်ဝင် အရည်အသွေးမီ အုန်းသီးထုတ်ကုန်များ ထုတ်လုပ်တင်ပို့ နိုင်ရန်အတွက် အမျိုးအစားခွဲခြားခြင်း၊ အဆင့်ခွဲခြားခြင်း၊ ထုတ်ပိုးခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP) နည်းပညာဆိုင်ရာများကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နေ့မှ ၅ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား (၂၅) ဦးတက်ရောက်ကြမည် ဖြစ်ပါသည်။ သင်တန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာပိုင်းများ လက်တွေ့ကွင်းဆင်း သရုပ်ပြလေ့ကျင့်မှုကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Event Details
- Date
- 3th to 5th August 2023
- Location
- Pathein, Ayeyarwady Region
- Website
- www.myantrade.gov.mm
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ