Events
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မဲခေါင်-လင်ချန်းသစ်သီးပွဲတော် (မြန်မာ) (Mekong – Lancang Fruit Festival (Myanmar) တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဦးဆောင်ကျင်းပ
Updated At: 2023-10-09 10:42:29
“မဲခေါင်-လင်ချန်း သစ်သီးပွဲတော် (မြန်မာ) (Mekong – Lancang Fruit Festival-Myanmar)” ကို မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်းက ဦးဆောင်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Physical/Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အစီအစဉ်အရ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စီးပွားရေးရာဌာနနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်ကို ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ယခုပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြပွဲသို့မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှဲ့သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့်သွင်းပြသ သွားမည်ဖြစ်ကြောင်း၊ ပြခန်းအရေအတွက် (၃၀) ခန့် ပါဝင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး မဲခေါင်-လင်ချန်းသစ်သီးပွဲတော်ပထမနေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့်ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကုန်သည်/ အသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
မဲခေါင်-လင်ချန်းသစ်သီးပွဲတော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Event Details
- Date
- 17th to 19th November 2023
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့
- Website
- myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026