Events

“Taunggyi International Trade Fair 2018” ကုန်စည်ပြပွဲ

Updated At: 2018-09-13 09:30:04

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မိုးလုံလေလုံ အားကစားကွင်း၌ “Taunggyi International Trade Fair 2018” “တောင်ကြီးအပြည်ပြည် ဆိုင်ရာကုန်စည်ပြပွဲ-၂၀၁၈” ကုန်စည်ပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (နန်နင်း) နှင့် Fenix Hub Exhibition Co., Ltd. တို့မှ Organizer အဖြစ် ပူးပေါင်းဆောင်ရွက်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

“Taunggyi International Trade Fair 2018” “တောင်ကြီးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ-၂၀၁၈” ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံ စသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့မှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများက ထုတ်ကုန် များကို ပြခန်းစုစုပေါင်း (၁၀၀) ခန့်ဖြင့် ပါဝင်ခင်းကျင်းပြသမည်ဖြစ်ပါသည်။