အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Beans Pulses and Oilseeds Markets

မြန်မာမတ်ပဲနှင့်ပတ်သက်၍ အီးယူ၏ လေ့လာမှုများ(သုတေသန)

(EU Market Scan for Mung Beans)

မြန်မာမတ်ပဲသည် အီးယူစျေးကွက်တွင် အစို့အညှောင့်ထွက်သော ပဲများအနက် ထိပ်တန်းနေရာ ယူထားပါသည်။ အီးယူရှိ စားသုံးသူများက မြန်မာမတ်ပဲအပင်ပေါက်၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ယခင်ကပင် လက်ခံအသိအမှတ်ပြုပြီးဖြစ်ပါသည်။ အီးယူသို့ မြန်မာ့မတ်ပဲ တင်သွင်းရာတွင် နိုင်ငံအချို့ကို အဓိကထား၍ တင်သွင်းပါသည်။ဗြိတိန်နှင့် နယ်သာလန်သို့ တင်သွင်းသည့် မတ်ပဲမှာ အီးယူသို့ တင်သွင်းသည့် မတ်ပဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ မြန်မာမတ်ပဲတင်ပို့ရန် အလားအလာအကောင်းဆုံး နိုင်ငံ ၃ ခုမှာ ဗြိတိန်၊ နယ်သာလန်နှင့် ဂျာမနီတို့ဖြစ်ပါသည်။မတ်ပဲမှာ အီးယူသို့ တင်သွင်းသည့် မတ်ပဲပမာဏမှာ နှစ်စဉ်မှန်မှန်တိုးတက်လျက်ရှိပါသည်။ ယင်းနိုင်ငံတို့သည် မတ်ပဲအများဆုံး စားသုံးသည့် စျေးကွက်များဖြစ်ကြပါသည်။

          မြန်မာနိုင်ငံမှပဲအမျိုးစုံ တင်ပို့ရောင်းချရာတွင် မတ်ပဲသည် ပဲမျိုးစုံ စုစုပေါင်း၆၀ ရာခိုင်နှုန်း ကျော်ရှိပါသည်။အီးယူနိုင်ငံများ အထူးသဖြင့် နယ်သာလန်နှင့် ဗြိတိန်တို့သည် မြန်မာပဲမျိုးစုံ တင်ပို့မှု လုပ်ငန်းလျှင်မြန်စွာ ကြီးထွားလာစေရန် အများဆုံးအကူအညီပေးပါသည်။

Download Full Scan

Download Full Scan in Myanmar Language

 

အီးယူစျေးကွက်မှ မြန်မာ့နှမ်းကိုလေ့လာခြင်း(သုတေသန) (EU Market Scan - Sesame Seeds)

ဥရောပနိုင်ငံများတွင်နှမ်းစေ့ကို ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်အချိုများပြုလုပ်ရာတွင် အပေါ်ယံ အလွှာအဖြစ်အဓိကအသုံးပြုကြသည်။နှမ်းကိုအာဖရိက၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံ များမှတင်ပို့ကြသည်။ နှမ်းအဖြူအမျိုးအစားတွင် အဖြူရောင်မှ ရွှေရောင်အထိ အရောင်အမျိုးမျိုး ရှိပြီး အခြားအဝါရောင်၊ နီညိုရောင် စသည့်အစေ့နှောများထက် ပို၍ စျေးကောင်းရသည်။ ၂၀၁၆ တွင် ဤဥရောပသို့ နှမ်းတင်သွင်းမှုပမာဏမှာ တန်ချိန်ပေါင်း တစ်သိန်းငါးသောင်းငါးထောင် (၁၅၅၀၀၀)ရှိသည်။ ဥရောပရှိ အဓိကနှမ်းစားသုံးသည့် နိုင်ငံများမှာ ဂျာမနီ၊နယ်သာလန်၊ပိုလန်၊ ဂရိနှင့် ဗြိတိန်တို့ဖြစ်ပြီး နှမ်းတင်သွင်းမှုမှာ ယခုအခါတွင် တိုးတက်လျှက်ရှိသည်။

Download Full Scan 

Download Full Scan in Myanmar Language

အီးယူ၏ ပဲနီလေးစျေးကွက်(CBI အစီရင်ခံစာ)(EU Market for Lentils- CBI Report)

ပဲနီလေးတွင် အရွယ်အစား၊ ပုံသဏ္ဍာန်နှင့်အရောင်ပေါင်းစုံရှိသည်။ ပဲနီလေးအမျိုးအစား များတွင် အစိမ်းရောင်ပဲနီလေး၊ ပြင်သစ်ပဲနီလေး၊ အီဂျစ်ပဲနီလေး၊ အဝါရောင်ပဲနီလေး စသည်တို့ပါဝင်သည်။ ပဲနီလေး စားသုံးမှုအမြင့်ဆုံးနိုင်ငံများမှာ စပိန်၊ ပြင်သစ်၊ အီတလီနှင့် ဂရိတို့ဖြစ်သည်။ ဥရောပရှိ စားသုံးသူတို့သည် ကျန်းမာရေးဓာတ်စာများ၏ အရေးကြီးပုံကို ပိုမိုသတိပြုလာမိသည်နှင့်အမျှ ပဲနီလေးစားသုံးမှုသည်လည်း တဖြည်းဖြည်းမြင့် တက်လာသည်။ သဘာဝမြေသြဇာဖြင့် ထုတ်လုပ်ထားသည့် ပဲနီလေးကို ဥရောပစျေး ကွက်များသို့ တင်ပို့ရောင်းချပါက အကျိုးအမြတ်ဖြစ်ထွန်းနိုင်သည်။ ဗြိတိန်ရှိ အိန္ဒိယနိုင်ငံ သားတို့သည် ၄င်းတို့၏ မြင့်မားသော ပဲနီလေးစားသုံးမှုကြောင့် ထင်ရှားသည်။

Read CBI Report

 

အီးယူ၏ပဲကြီးစျေးကွက်(CBI အစီရင်ခံစာ) (EU Market for Kidney Beans- CBI Report)

ဥရောပ၌လူကြိုက်များသော ပဲအမျိုးအစားများထဲတွင် ပဲကြီးလည်းပါဝင်သည်။ ပဲကြီးအများဆုံး တင်ပို့သော နိုင်ငံများမှာ ကနေဒါ၊ တရုတ်၊ အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံများ ဖြစ်သည်။ ပဲကြီးသည်(Phaseolus Vulgaris) ပဲအမျိုးအစားဝင် ပဲတစ်မျိုးဖြစ်သည်။ ပဲကြီးအမျိုး အစားများမှာ အနီရောင်ဖျော့ဖျော့ပဲကြီး(common kidney bean) (သာမန်ပဲကြီးဟုလည်း ခေါ်ကြသည်။) အနီရင့်ရောင် ပဲကြီး၊ အစက်အပျောက်ဖျော့ဖျော့ပါသော ပဲကြီး၊ အနီရောင် အစက်ပျောက်ပါသော ပဲကြီးနှင့် အဖြူ ရောင်ပဲကြီး(Cannellini)တို့ဖြစ်ကြသည်။ ဥရောပ၌စားသုံးနေကျ အစားအစာများထဲတွင် ပဲကြီးလည်း ပါဝင်သည်။

           သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဥရောပသို့ ပဲကြီးတင်ပို့မှုမှာ ပြီးခဲ့သည့် (၅)နှစ်အတွင်း၌ ကျဆင်းလာခဲ့သည်။ ဗြိတိန်သည် ပဲကြီးအများအပြားတင်သွင်းသော နိုင်ငံဖြစ်သည်။ ဘဲလ်ဂျီယမ်၊ နယ်သာလန်နှင့် ဗြိတိန်တို့သည် ပဲကြီးကို (ကုန်ချောအဖြစ်) အများဆုံး ပြန်လည်တင်ပို့သော စျေးကွက်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သော ပဲကြီးအများအစားများမှာ နိုင်ငံအလိုက် ကွဲပြားသည်။ ပိုလန်နှင့် အီတလီတို့တွင် အဖြူရောင်ပဲကြီးကို ထုတ်လုပ်လေ့ရှိပြီး စပိန်တွင် အနက်ရောင်ပဲကြီး စေ့အသေးကို ထုတ်လုပ်သည်။ ဧည့်ခံပွဲများ၊ စားသောက်ဆိုင်များ၊ တိုင်းရင်းသားမျိုးနွယ်စု စတိုး ဆိုင်များနှင့် လမ်းဘေးစျေးှဆိုင်များတွင် ပဲအမျိုးမျိုးကို အရောင်အသွေးစုံလင်စွာဖြင့် ရရှိနိုင်ပါသည်။

Read CBI Report

 

မြေပဲနှင့် ပတ်သက်၍ CBI ၏ အစီရင်ခံစာ(CBI Report for Groundnut)

မြေပဲ(Arachis hypogaea)သည် ပဲတောင့်ရှည်သီးနှံတစ်ခုဖြစ်ပါသည်။ မြေပဲ၏ မူလပေါက်ဖွားရာဒေသမှာ တောင်အမေရိကဖြစ်သော်လည်း အပူပိုင်းဒေသများနှင့် အပူလျော့ပိုင်းဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းပါသည်။

           မြေပဲကို သွားရည်စာအဖြစ် စားသုံးနိုင်သည်။ ကြိတ်ခွဲ၍စားသုံးဆီအဖြစ်လည်း အသုံးပြု နိုင်၍ စားသောက်ကုန်များ ထုတ်လုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။

           မြေပဲများ၏ အရောင်အသွေးများမှာ အညိုရောင်ဖျော့ဖျော့ပန်းရောင်၊ နီညိုရင့်ရောင် စသည်ဖြင့် ရှိကြပြီး ပုံသဏ္ဍာန်မျိုးစုံနှင့် အမျိုးအစားပေါ်မူတည်၍ ထုတ်လုပ်သည့် နည်းစနစ်များ လည်းကွဲပြားသည်။ မြေပဲတစ်မျိုးစီသည် အစားအသောက်ထုတ်လုပ်ရာတွင် သီးခြားစီ အသုံးဝင် ကြသည်။ ဥရောပတွင် သွင်းကုန်လုပ်ငန်းများ ကြီးမားလာသောကြောင့် လွန်ခဲ့သည့် (၄)နှစ် အတွင်း မြေပဲတင်သွင်းမှုလည်း တိုးတက်လာပါသည်။ ဥရောပတွင် မြေပဲအများဆုံးတင်သွင်းမှု လည်းတိုးတက်လာပါသည်။ ဥရောပတွင် မြေပဲအများဆုံးတင်သွင်းသည့် နိုင်ငံမှာ နယ်သာလန် ဖြစ်ပါသည်။ မြေပဲတင်ပို့သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည့် မြေပဲစားသုံးမှုများသော အခြားဥရောပနိုင်ငံများမှာ ဂျာမဏီ၊ ဗြိတိန်၊ စပိန်၊ ပိုလန်နှင့် အီတလီ တို့ဖြစ်ကြပါသည်။ စပိန်၊ ပိုလန်နှင့် အီတလီတို့မှာ သေးငယ်သော်လည်း အရေးပါသည့် မြေပဲတင်သွင်းသည့် နိုင်ငံများ ဖြစ်ပါသည်။ ဥရောပသို့ မြေပဲအဓိကတင်သွင်းသူများမှာ အာဂျင်တီးနား၊ တရုတ်၊ ဘရာဇီးလ် တို့ဖြစ်ကြပြီး တရုတ် (၈.၁) ရာခိုင်နှုန်းနှင့် ဘရာဇီး (၄.၈) ရာခိုင်နှုန်းတို့ဖြစ်ကြပါသည်။

           ရောင်းချသည့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဥပမာ မြေပဲဆံ၊ ဆီထွက်မြေပဲ၊ ဟင်းသီး ဟင်းရွက်ဆီ) မြေပဲစျေးကွက်ပုံသဏ္ဍာန်အမျိုးမျိုး ကွဲပြားပါသည်။

Read CBI Report