အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Garments Markets

အီယူ၏ အပြင်ဝတ်ဂျာကင်(Outdoor Jacket)စျေးကွက် (EU Market for Outdoor Market)

မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် အပြင်ဝတ်ဂျာကင်အများစုမှာ ချည်မျှင်၊ သားမွှေး၊ ဝါစသည်တို့နှင့် ချုပ်လုပ်ထားသော ရေစိုခံ အဝတ်အထည်များဖြစ်သည်။ အီးယူ(EU)သည် ကမ္ဘာ့အကြီးဆုံး အပြင်ဝတ်ဂျာကင်စျေးကွက်ဖြစ်သည်။ ၂၀၁၇ က အီးယူ၏ (ဂျာကင်အင်္ကျီ)သွင်းကုန်တန်ဖိုးမှာ ၂.၆ ဘီလျံဖြစ်သည်။

           အီးယူ၏ (အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံသစ်များ၏) စီးပွားရေးတိုးတက်မှုအလားအလာ များကြောင့် (ဂျာကင်) သွင်းကုန်ပမာဏ ဆက်လက်များပြားလာမည်ဟု ခန့်မှန်းမှုများရှိနေပါသည်။ ဂျာမဏီသည် အီးယူ၏ အကြီးဆုံး ဂျာကင်စျေးကွက်ဖြစ်ပြီး ၄င်း၏ နောက်တွင် ဗြိတိန်၊ ပြင်သစ်၊ စပိန်နှင့် နယ်သာလန်တို့ အစဉ်လိုက်ရပ်တည်နေပါသည်။ မြန်မာပို့ကုန်လုပ်ငန်းရှင်တို့သည် အလျှင်အမြန်တိုးတက်နေသည့် အခြားစျေးကွက်ငယ်များတွင်လည်း အခွင့်အလမ်းများ တွေ့ရှိနိုင် ပါသည်။ ချက်ပြည်သူ့သမ္မတနိုင်ငံသည် ဓာတုချည်မျှင်ဖြင့် ချုပ်လုပ်ထားသော အပြင်ဝတ် ဂျာကင်များ ရောင်းချမှု အများဆုံးစျေးကွက်ဖြစ်ပါသည်။ အီးယူသို့ အပြင်ဝတ်ဂျာကင် အများဆုံး တင်ပို့သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပါသည်။ အီးယူသို့ ဂျာကင်အင်္ကျီတင်သွင်းသူ အများစုသည် ဂျာမဏီနှင့် ဗြိတိန်သို့ အဓိကတင်သွင်းပါသည်။ သို့သော် မော်ရိုကိုနှင့် တူရကီတို့ ဂျာကင်အဓိက တင်သွင်းသည့် အီးယူနိုင်ငံမှာ စပိန်ဖြစ်ပါသည်။

Download Full Report

Download Full Report in Myanmar Language

 

အီးယူ၏ ဂျင်းဝတ်စုံစျေးကွက် (CBIအစီရင်ခံစာ) (EU Market for Denim)

အီးယူသည် အလွန်ခိုင်မာသော ဂျင်းအဝတ်အထည်စျေးကွက်ဖြစ်သည်။ စီးပွားရေး ကျဆင်းမှုများရှိသော်လည်း ဥရောပနိုင်ငံအားလုံးနီးပါး၌ဂျင်းဝတ်စုံနှင့် ဂျင်းနှင့်ပတ်သက်သည့် ပစ္စည်းများဝယ်လိုအားသည် နှစ်စဉ်ရာခိုင်နှုန်းများစွာ မြင့်တက်လျက်ရှိပါသည်။ သုံးစွဲသူများက ဂျင်းထည်သည် တာရှည်ခံသည်။ ခိုင်ခံ့၍ အမြဲစတိုင်ကျသည်ဟု ထင်မြင်ယူဆကြသည်။

ယနေ့ ကာလတွင် ဂျင်းအဝတ်အထည်စျေးကွက်သည် ယခင်ထက်ပိုမို၍ အမျိုးအစားစုံလင် များပြားလာသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဂျင်းထည်တင်သွင်းသူများ အခွင့်အလမ်းကောင်းများ ပိုမိုရရှိ လာကြသည်။ အကောင်းဆုံးအခွင့်အလမ်းအချို့မှ စျေးနှုန်းမြင့်တက်ခြင်း၊ အမျိုးအစားနှင့် ဒီဇိုင်း စုံလင်ခြင်း တို့ဖြစ်ကြပါသည်။

Read CBI Report

 

အီးယူ၏ ကလေးအဝတ်အထည်စျေးကွက် (CBIအစီရင်ခံစာ) 

(EU Market for Childrenwear)အီးယူ၏ အဝတ်အထည်စျေးကွက်တွင် ရောင်းအားအမြင့်ဆုံးမှာ ကလေးအဝတ်အထည် များဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်သွင်းသူများအတွက် စိတ်လှုပ်ရှားဖွယ်အခွင့်အလမ်း များဖြစ်ကြပါသည်။ အထည်ချုပ်လုပ်ငန်းတွင် ကလေးအဝတ်အထည်စျေးကွက်သည် ကြီးထွားမှုအမြန်ဆုံးနှင့် အမြတ် အစွန်းအများဆုံးဖြစ်ပြီး ကုန်ပဒေသာတိုက်များ၊ အရောင်းစင်တာများတွင် ပိုမို၍ နေရာရယူ လာကြပါသည်။

          စတင်ဒီနေမီးယားနိုင်ငံများဗြိတိန်နှင့် အရှေ့ဥရောပနိုင်ငံများတွင် ကလေးမွေးဖွားနှုန်းတိုးတက်လာပြီး ကလေးတစ်ဦးချင်းအပေါ် အသုံးပြုသည့် ငွေပမာဏ ပိုမိုများပြားလာသောကြောင့် ကလေးအဝတ်အထည်စျေးကွက် အတွက် ကြီးမားသော အလားအလာကောင်းများ ရရှိလာကြပါသည်။

Read CBI Report