အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Tea Markets

အီးယူ၏ လက်ဖက်စျေးကွက်သုတေသန (EU Market Scans for Tea)

လက်ဖက်(Tea)သည် မြန်မာနိုင်ငံတွင် လူကြိုက်အလွန်များသော ရိုးရာအစားအစာဖြစ်သည်။ အချဉ်စိမ်ထားသော လက်ဖက်(Fermented (or) Pickled Tea)သည် ထူးခြားသောအရသာနှင့် ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးများကို ပေးနိုင်ပြီး ဖျော်သောက်သည့် လက်ဖက်ရွက်နှင့် ကွဲပြားခြားနားသည်။ လက်ဖက် သည် မြန်မာနိုင်ငံအတွင်း၌ အလွန်လူကြိုက်များသော်လည်း နိုင်ငံပြင်ပတွင်မူ လူသိနည်းသေး သည်။ နိုင်ငံတကာခရီးသွားများသည် မြန်မာ့ဟင်းလျာများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာကြ သော်လည်း အချဉ်စိမ်ထားသော လက်ဖက်ကိုမူ ၄င်းတို့၏ ဌာနေနိုင်ငံ၌ ဝယ်ယူရရှိနိုင်ရန် မလွယ် ကူပေ။ ထို့ကြောင့် မြန်မာ့လက်ဖက်တင်ပို့သူများအနေဖြင့် ၄င်းတို့၏ ပို့ကုန်ကို နိုင်ငံတကာစားသုံး သူများအကြား သတိပြုမိစေရန် ကြိုးပမ်းသင့်ပါသည်။

Download Full Report

Download Full Report in Myanmar Language

Downlaod Full Report of Organic green tea in Myanmar Language

 

အီးယူ၏ (အထူးနည်းပညာဖြင့် ထုတ်လုပ်ထားသည့်) လက်ဖက် စျေးကွက်

(EU Market for Specialty Tea - CBI Report)

အထူးနည်းပညာဖြင့် ထုတ်လုပ်ထားသည့် လက်ဖက် လုပ်ငန်းများ (Speciality Tea Industry)  ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အထူး ကြီးထွားလာခဲ့ပါသည်။အရွက်လိုက်ခူးဆွတ်ရောင်းချသည့်  (Whole-Leaf Lose Tea) နှင့် (Single Estate Tea) မှာဥရောပစျေးကွက်တွင် လူကြိုက်များ လာပါသည်။ အထူးနည်းပညာဖြင့် ထုတ်လုပ်ထားသော လက်ဖက်များ(Speciality Tea)မှာ အမေရိကန်စျေးကွက်နှင့် နှိုင်းယှဉ်လျှင် ဥရောပစျေးကွက်တွင် လူကြိုက်နည်းနေပါသေးသည်။ စားသုံးသူများသည် ၄င်းတို့ သောက်သုံး နေသည့် လက်ဖက်ရွက်နှင့် ၄င်း၏ မူလဇစ်မြစ်ကို ပိုမိုစိတ်ဝင်စားစွာဖြင့် လေ့လာသိရှိလာ ကြပါသည်။ ထို့အပြင် လက်ဖက်ရွက်၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအဖြာဖြာ တို့ကို စိတ်ဝင်စားစွာဖြင့် လေ့လာသိရှိလာ ကြပါသည်။ သောက်သုံးသူများသည် တမူထူးခြားသော အန့ံအရသာရှိပြီး ကျန်းမာရေးကို ထောက်ကူသည့် သဘာဝလက်ဖက်ကို ပိုမိုနှစ်သက်သုံးစွဲ လာကြပါသည်။ လူနေမှုပုံစံများပြောင်းလဲလာသည့်အတွက် လက်ဖက်ရည်သည် နေ့စဉ် သောက်သုံးသည့် အဖျော်ယမကာတစ်ခု(Daily Drink) အဖြစ် တဖြည်းဖြည်းရောက်ရှိလာပါသည်။

Read CBI Report