အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Export Strategy

ကျိုးကြောင်းခိုင်လုံ၍အားကောင်းသော မဟာဗျူဟာတစ်ခုကို(a sound export strategy) ချမှတ်အသုံးပြု၍ပြည်ပပို့ကုန်ဆိုင်ရာ ရည်မှန်းချက်များနှင့်မိမိပိုင်ဆိုင်မှုအရင်းအမြစ်များကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းနှင့်မိမိတို့၏ ပင်မလုပ်ငန်းအပြင် ဖော်ထုတ်သတ်မှတ်ထားသော စျေးကွက်ကဏ္ဍများကို ကိုင်တွယ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ပြုလုပ်နိုင်ပါသည်။

           ထို့အပြင် ပြည်ပရှိ သုံးစွဲသူ(ဖောက်သည်) အသစ်များကိုလည်း အချိန်နှင့်တပြေးညီ ဝန်ဆောင်မှုပေးနိုင်ရန်မိမိတို့၏ အရည်အသွေးကို အမြဲဆန်းစစ်နေရပါမည်။

           ကောင်းသော ပို့ကုန်လုပ်ငန်းဆိုင်ရာ စီမံကိန်းများပါဝင်သည့် မဟာဗျူဟာသည် သင်၏ကုမ္ပဏီသွားရမည့်လမ်းကြောင်းကို ရှင်းလင်းစွာ ပုံဖော်ပးရုံသာမက ဘဏ်လုပ်ငန်းရှင် များ၊ငွေကြေးထောက်ပံ့သူများ၊ အကျိုးတူ ဖက်စပ်လုပ်ငန်းရှင်များနှင့် အစိုးရကိုယ်စားလှယ်များ စသူတို့နှင့် သဘောတူညီမှုရယူရာတွင်လည်း လွယ်ကူချောမွေ့စေပါသည်။

           ကုမ္ပဏီအများအပြားသည်တိကျပြတ်သားသောအစီအစဉ်မဟာဗျူဟာချမှတ်ထားခြင်း မရှိကုန်ပစ္စည်းများ မှာယူမှုအပေါ် မူတည်၍အမှားတွေ့မှ ပြင်ဆင်သည့် နည်းလမ်းဖြင့် အရဲစွန့်လုပ်ဆောင်ကြရာတွင်လမ်းခုလတ်တွင်ပင် မမျှော်လင့်သောအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ ကြရပါသည်။

           ပြည်ပပို့ကုန်လုပ်ငန်းလုပ်ကိုင်ရာတွင် ရှင်းလင်းပြတ်သားသော ဦးတည်ရာ လမ်းကြောင်း နှင့် မိမိလုပ်ငန်းအပေါ် အပြတ်အာရုံစိုက်သုံးသပ်နေရန် လိုအပ်ပါသည်။ သို့မှသာ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပေလိမ့်မည်။

           ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော လုပ်ငန်းရှင်များသည် ပြည်ပပို့ကုန်လုပ်ငန်းကို စောစီးစွာလက်လျော့လိုက်ရလေ့ရှိပြီး ၄င်းတို့ိစိတ်တွင် အားထုတ်မှုနှင့် ရလာဒ်မထိုက်တန်ဟု ယူဆသွားကြသည်။ သို့မဟုတ်ပါကလည်း ရေရှည်တွင် လုပ်ငန်းကြီးထွားရန် မသေချာသော်လည်း ပြည်တွင်းရှိ သုံးစွဲသူများကို ဝန်ဆောင်မှုပေးရခြင်းက များစွာ လွယ်ကူသက်သာသည်ဟု ထင်မှတ် သွားကြသည်။

           ပြည်ပပို့ကုန်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လုပ်ငန်းထူထောင်ခြင်းနှင့် နိုင်ငံတကာစျေး ကွက်သို့ ဝင်ရန်အားထုတ်ခြင်း အစရှိသည့် ကနဦးအဆင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ရသော်လည်း မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခြင်း၊ မိမိ၏ ပိုင်ဆိုင်မှုအားသာချက်များကို မှန်ကန်စွာ အသုံးချခြင်းနှင့် ထိရောက်စွာ လုပ်ဆောင်ခြင်းများက အောင်မြင်မှုဆီသို့ ဦးတည် စေပါသည်။

ပို့ကုန်လုပ်ငန်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်း (Building an Export Business Plan)

           ပြည်ပပို့ကုန်လုပ်ငန်း စီမံချက်များကို တတ်နိုင်သမျှ ရိုးရှင်းစွာရေးဆွဲရမည်။ကနဦးအဆင့်များတွင် စျေးကွက်ဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းရေးဆွဲရန် အကြောင်းအရာများ စုံလင်စွာ မရရှိသေး၍မဟာဗျူဟာစီမံချက်များသည် စာမျက်နှာအနည်းငယ်သာရှိနေပေလိမ့်မည်။ ဤသို့ စီမံကိန်းကို ရေးဆွဲရန် စတင်အားထုတ်ရင်း လိုအပ်သောအချက်အလက်များနှင့် စိတ်ကူးစိတ်သန်းများ၊အကြံဉာဏ်များကို တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ ပြည်ပပို့ကုန်ဆိုင်ရာ သိမှတ်ဖွယ်များနှင့်မိမိကုမ္ပဏီ၏ ယှဉ်ပြိုင်ရမည့် အနေအထားကိုပိုမိုသိမြင်လာသည်နှင့်အမျှ မိမိ ရေးဆွဲသော မဟာဗျူဟာသည်လည်း ပိုမိုပြည့်စုံ၍ အသေးစိတ်ကျလာမည်ဖြစ်သည်။

           သင်ရေးဆွဲသော မဟာဗျူဟာ စီမံကိန်းသည် စာရွက်စာတမ်းတစ်ခုအဖြစ်သာမကပဲ ပြုပြင် ပြောင်းလဲရန်လွယ်ကူသော စီမံခန့်ခွဲမှု စနစ်တစ်ခုဖြစ်နေစေရမည်။ လုပ်ငန်းလုပ်ကိုင်ရင်း လေ့လာတွေ့ရှိချက်များကို အသုံးပြု၍ သင်၏ စီမံကိန်းအားပိုမိုတိကျခိုင်မာစေရန် အချိန်မဆိုင်းပဲပြင်ဆင်မွမ်းမံသင့်သည်။

 

ပြည်ပပို့ကုန်စီမံကိန်း ရေးဆွဲရန်လိုအပ်သော အရင်းအမြစ်များနှင့် အချက်အလက်ကုန်ကြမ်းများ

(Export Plan Resources-Materials)

           ပြည်ပပို့ကုန် (U2) လင့်(ခ)တွင် ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ခြင်းဆိုင်ရာ အခြေခံ လမ်းညွှန်ချတက်များကို ရှင်းလင်းဖော်ပြထားပြီး စီမံကိန်း၊ နမူနာပုံစံနှင့် စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းရမည့်အချက်များပါဝင်သည်။

https://www.export-u3.com/RESOURCES/BasicGuide.pdf  

           အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု ဝက်ဆိုက်စာမျက်နှာ တွင်လည်း '' ကျွနု်ပ်၏ ပြည်ပပို့ကုန်စီမံကိန်း'' (My Export Plan) အပါအဝင် အခြားဗီဒီယိုအစီအစဉ်များကို လေ့လာ ကြည်ရှုနိုင်ပါသည်။

https://www.export.gov/article?id=Sample-Export-Plan

           သြစတေးလျှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကော်မရှင်(Austrade) ဝက်ဆိုက်ဒ်တွင် လည်း ပြည်ပပို့ကုန်လုပ်ငန်းစီမံကိန်း နမူနာပုံစံပြား (template)ကို ကြည့်ရှုလေ့လာနိုင်ပါသည်။

https://www.austrade.gov.au/ArticleDocuments/1361/Austrade-export-plan-template-2014-new.pdf.aspx

           စီမံကိန်းရေးဆွဲရာတွင် ပထမဆုံး အလွန်အရေးပါသည့်အဆင့်မှာ ကုမ္ပဏီ၏ ရည်မှန်ချက် များ၊ ရည်ရွယ်ချက်များ လုပ်နိုင်စွမ်းနှင့် ကန့်သတ်ချုပ်ချယ်မှုများနှင့်ပတ်သက်၍ ကုမ္ပဏီ၏ အဓိက ဦးဆောင်သူများအကြားတွင် သဘောတူညီမှု ရယူရန်ဖြစ်သည်။

ပြည်ပပို့ကုန် စီမံကိန်းရေးဆွဲရာတွင် အဓိကလိုအပ်ချက်များမှာ

-         လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ကန့်သတ်ချုပ်ချယ်မှုများ၊အတားအဆီးများနှင့် ရည်မှန်းချက်များကို စနစ်တကျ စုစည်းရန်။

-         ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့်ပတ်သက်သောအချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားခြင်း။

           စီမံကိန်းတွင် တိကျသော ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ရမည့် အချိန်ဇယား၊ လုပ်ငန်းအောင်မြင်မှုနှင့် ပါဝင်သူတို့၏ စိတ်အားတက်ကြွမှုတို့ကို ဖော်ပြမည့် လုပ်ငန်းပြီးစီးမှု မှတ်တိုင်များ(milestones) စသည်တို့ပါဝင်သည်။

စီမံကိန်းရေးဆွဲရာတွင် အဓိကကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များမှာ

-         ကုန်ပစ္စည်းရွေးချယ်မှုနှင့် လိုအပ်သော ပြုပြင်မွမ်းမံခြင်းများ

-         ပစ်မှတ်ထားသော စျေးကွက်များ

-         ရည်မှန်းထားသော သုံးစွဲသူ အမျိုးအစားနှင့် သရုပ်သကန်

-         သုံးစွဲသူများထံသို့ ရောက်ရှိစေရန် အသုံးပြုမည့် စျေးကွက်နှင့် ဖြန့်ချီရေး၊ လမ်းကြောင်းများ။

-         စျေးကွက်တစ်ခုချင်းစီတွင် တွေ့ရှိရမည့် စိန်ခေါ်မှုအခက်အခဲများ (ဥပမာ ပြိုင်ဆိုင်မှု၊ ယဉ်ကျေးမှုခြားနားခြင်းများ၊ သွင်းကုန်ထိန်းချုပ်မှုများ) နှင့် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်း ရမည့် မဟာဗျူဟာများ

-         ပြည်ပစျေးကွက်တွင် ရောင်းချမည့် ကုန်ပစ္စည်းစျေးနှုန်းသတ်မှတ်ခြင်း

-         ပြည်ပပို့ကုန်လုပ်ငန်းတွင် အသုံးပြုရန် ရည်ရွယ်သတ်မှတ်ထားသော ဝန်ထမ်းများနှင့် ကုမ္ပဏီပိုင်ပစ္စည်းများ

-         လိုအပ်သော ထုတ်လုပ်မှုစွမ်းရည်

-         အချိန်နှင့်ငွေကြေးကုန်ကျမှု

-         ကနဦးကုန်ကျစရိတ်များကို စီစဉ်ခြင်းနှင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် လိုအပ်သော အရင်းအနှီးများကို စီမံခြင်း

-         ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိနိုင်သော အကျိုးအမြတ်ခန့်မှန်းချက်

-         အုပ်ချုပ်မှုအဖွဲ့မှ လုပ်ဆောင်ရန်လိုအပ်ချက်များ

-         စီမံကိန်းကဏ္ဍ(အဆင့်) တစ်ခုချင်းစီကို အကောင်အထည်ဖော်ရန် အချိန် သတ်မှတ်ချက်များ

-         စီမံကိန်းကို အကဲဖြတ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း