အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Getting Ready

Are you Ready for Export?

 

သင်၏လုပ်ငန်းသည် ပြည်ပပို့ကုန်အတွက် အသင့်ဖြစ်ပြီလား

 

ပြည်ပသို့ မတင်ပို့မီ လုပ်ငန်း အသင့်အနေအထားရှိ/မရှိ သုံးသပ်ရန်နှင့် ပြည်ပပို့ကုန်လုပ်ငန်းလုပ်ဆောင်ရန် မည်သည့် အချက်များ လိုအပ်သည်ကို သေချာစွာသိရှိရန် အထူးလိုအပ်ပါသည်။

           ပြည်ပပို့ကုန်လုပ်ငန်းလုပ်ကိုင်ရန်အတွက် အချိန်နှင့်ငွေကြေးများစွာ စိုက်ထုတ်ရသကဲ့သို့ အားကောင်းသော စီမံခန့်ခွဲမှုကိုလည်း အထူးလိုအပ်ပါသည်။ ကုမ္ပဏီအများစုသည် လက်ရှိ အသားကျနေသော ပြည်တွင်းလုပ်ငန်းများမှ ခွဲထွက်ရသဖြင့် ကနဦးအဆင့်များတွင် အခက်အခဲများ၊ ဖိစီးမှုများ ရင်ဆိုင်ကြုံတွေ့ရသော်လည်း ရေရှည်တွင် အောင်မြင်မှုအသီးအပွင့်များကို ခံစားရပါလိမ့်မည်။

 

နိုင်ငံတကာနှင့်လုပ်ငန်းများစတင်ရန်မည်သည်တို့ကိုအသင့်ပြင်ဆင်ထားရမလဲ။

ပြည်ပပို့ကုန်လုပ်ငန်းအောင်မြင်ရန်အတွက် နိုင်ငံခြားစျေးကွက်များတွင် ဝယ်လိုအားရှိသောကုန်ပစ္စည်း၊ ဝန်ဆောင်မှု များလိုအပ်သကဲ့သို့ အောင်မြင်မှုရေရှည်တည်တံ့ရန်အတွက်လည်း ကျွမ်းကျင်မှု၊ သတင်းအချက်အလက်၊ ဝန်ဆောင်မှု၊ နည်းပညာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု အစရှိသည့် အချက်များလိုအပ်ပါသည်။

ပြည်ပပို့ကုန်လုပ်ငန်းများ အောင်မြင်စွာ စတင်နိုင်ရန် အောက်ပါအချက်များအထူးလိုအပ်ပါသည်။

-         လုပ်ငန်းစဉ်များကို အချိန်ကိုက်ချမှတ်ခြင်းနှင့် အားကောင်းသော စီမံခန့်ခွဲမှု။

-         ပြည်တွင်းစျေးကွက်ရှိ မိမိလုပ်ငန်း၏ ခိုင်မာမှုအနေအထား။

           (ဝယ်သူများနှင့် ငွေကြေးပံ့ပိုးသူတို့၏ ယုံကြည်မှုရရှိစေရန်နှင့် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရန်အတွက် လုံလောက်သော အရင်းအနှီးရရှိစေရန်)

-         ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ပြုပြင်မွန်းမံရန်၊ နိုင်ငံတကာ၏ စျေးကွက်သို့ တင်ပို့ရန်နှင့် ခရီးစဉ်များအတွက် လိုအပ်သော ငွေကြေး၊ ဝန်ထမ်း စသည့်အရင်းအမြစ်များ

-         ပြည်ပပို့ကုန်နှင့် ဝန်ဆောင်မှုများအတွက် လိုအပ်သောကျွမ်းကျင်ဝန်ထမ်းများ တိုးချဲ့ ခန့်ထားမှု

-          ပြည်ပပို့ကုန်ဆိုင်ရာ အသိပညာများနှင့် ကျွမ်းကျင်မှုများ

 

လုပ်ငန်းအသင့်အနေအထားရှိ/မရှိကို ချင့်ချိန်ဆုံးဖြတ်ပါ။

သင်၏ လုပ်ငန်းသည် အမှန်တကယ် အသင့်ဖြစ်သည့်အခါမှသာ နိုင်ငံတကာ စျေးကွက်အခင်းအကျင်းတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အထူးအရေးကြီးပါသည်။ အသင့်အနေအထားမရောက်မီ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ရန် ကြိုးစားပါက မိမိကုမ္ပဏီကို အမြန်ပျက်စီးစေပါသည်။ ထို့ကြောင့် သင့်လုပ်ငန်း၏ ပြည်ပပို့ကုန်အတွက် အသင့် ဖြစ်မှုအနေအထားကို မှန်ကန်စွာ ချင့်တွက်ရန် တိုက်တွန်းပါသည်။

           ပြည်ပပို့ကုန်ဆိုင်ရာ လိုအပ်ချက်များနှင့် ရှင်းလင်းချက်များကို အောက်ပါ လင့်(ခ)တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ လင့်(ခ)တွင် သင့်လုပ်ငန်း၏ အသင့်ဖြစ်မှုကို ဆန်းစစ်နိုင်သည့် စံသတ် မှတ်ချက်များ မေးခွန်းများဖော်ပြထားပြီး သင်၏ဖြေဆိုမှုအပေါ်မူတည်၍ ထင်မြင်သုံးသပ်ချက် ပေးမည်ဖြစ်ပါသည်။ သုံးသပ်ချက်မေးခွန်းဟောင်း(၂၃)ခုပါဝင်ပြီး တစ်ကြိမ်လျှင် မေးခွန်းတစ်ခုစီ ဖြေဆိုသွားရပါမည်။ မေးခွန်းတစ်ခုစီ၏ ရည်ရွယ်ချက်များကိုလည်း ရှင်းလင်းဖော်ပြထားပါသည်။

 

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနများ (CITD)

Centers for International Trade Development (CITD)