အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Market Research

-         စျေးကွက်သုတေသနပြုလုပ်ခြင်းသည် မိမိ၏ ကုန်ပစ္စည်းကို ထိရောက်စွာ ရောင်းချနိုင်ရန် နေရာနှင့် နည်းလမ်းကို ခန့်မှန်းတွက်ချက်ရာ၌ မရှိမဖြစ် အရေးပါသည်။

-         စျေးကွက်အရွယ်အစားနှင့် ကြီးထွားမှုနှုန်း၊ ယင်းဒေသနှင့်ပတ်သက်သည့် အချက်အလက် များ၊ ဒေသထွက်ကုန်များ၊ စျေးကွက်ဦးတည်ရာ အလားအလာ၊ စျေးကွက်ပြိုင်ဆိုင်မှုများ၊ သွင်းကုန်စည်းကြပ်ခွန်၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကုန်စည်ဖြန့်ဖြူး သည့် လမ်းကြောင်းများကို စုံစမ်းဖော်ထုတ်ရမည်။

-         ဤနည်းအားဖြင့် အခွင့်အလမ်းများကို စုံစမ်းဖော်ထုတ်နိုင်ပြီး ယင်းတို့ကို လက်မလွှတ် တမ်း ရယူနိုင်မည်ဖြစ်ပါသည်။

-         ထို့အပြင် အထက်ပါအချက်များကို သုတေသနပြုလုပ်ခြင်းဖြင့် မိမိ၏ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရန်လိုအပ်ချက် (ဥပမာ ထုတ်ပိုးမှု နည်းစနစ်များ၊ ထုတ်လုပ်မှု နည်းလမ်းများ) များကို သိရှိနိုင်ပါသည်။

           အင်တာနက်ပေါ်ရှိ စျေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ (လေ့လာတွေ့ရှိ မှုများ၊ ခွဲခြမ်း စိတ်ဖြာမှုများ၊ တပိုင်းတစသတင်းအချက်များ စသည်) သည် အလွန်ကြီးမား ကျယ်ပြန့်လာပါသည်။

           (TradeMap) ကဲ့သို့သော ကွန်ပျူတာ အချက်အလက်အစုအဝေးများနှင့် အသုံးချ ကိရိယာများသည် သင်၏ သုတေသနလုပ်ငန်းကို ထိရောက်မြန်ဆန်အောင် အကူအညီ ပေးပါလိမ့်မည်။

 

 

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း၏(Myantrade)ပြည်ပစျေးကွက်စူးစမ်း လေ့လာရေးစာမျက်နှာတွင် ဖော်ပြထားသည့် စျေးကွက်အစီအရင်ခံစာများကို ဖတ်ရှုလေ့လာ၍ ကိန်းဂဏန်းအချက်အလက်များကို ပိုင်းခြားစိတ်ဖြာကြည့်ပါ။

           သင်၏ ပြည်ပပို့ကုန်လုပ်ငန်းနှင့် ပိုမိုကိုက်ညီ၍ အံဝင်ခွင်ကျဖြစ်စေရန်အတွက် လိုအပ်သော သုတေသနလုပ်ငန်းများကို ယခုထက်ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရပါမည်။

ခေတ်မီ စူးစမ်းရှာဖွေရေးနည်းစနစ်များကို အသုံးပြု၍ ကျယ်ပြန့်သော သတင်းအချက်အလက်နှင့် အကြံဉာဏ်များကို ရှာဖွေရပါမည်။ မြန်မာ-အီးယူ ကုန်သွယ်မှုသတင်းဌာန (Helpdesk) မှ ရယူနိုင်ပါသည်။ အဆိုပါခေတ်မီ စူးစမ်းရှာဖွေရေးနည်းစနစ်များကို  စျေးကွက်သုတေသနပြုလုပ်ရာ တွင် စျေးကွက်သို့ ကိုယ်တိုင်သွားရောက်လေ့လာခြင်းသည် အထူးလိုအပ်ပါသည်။ သင်၏ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့သည် စျေးကွက်နှင့် ကိုက်ညီမှုရှိ/မရှိ စသည့် လိုအပ်သော အကြံဉာဏ်အများအပြားကို ကုန်စည်ပြပွဲများတွင် ရရှိနိုင်ပါသည်။ အထူးသဖြင့် လုပ်ငန်းဆိုင်ရာ အပြန်အလှန်အကျိုးပြုဆက်ဆံရမည့်သူ အများအပြားကိုတစ်နေရာထဲ၌တစ်စုတစ်ဝေးထဲ တွေ့ရသောကြောင့်ဖြစ်ပါသည်။ ကုမ္ပဏီငယ်များသည်ကုန်စည်ပြပွဲများကိုပစ္စည်းရောင်းချရန်နှင့်အခြားကုမ္ပဏီများနှင့် စီးပွားရေးကိစ္စရပ်များ ဆွေးနွေးရန် နေရာအဖြစ်သတ်မှတ်ထားပါသည်။ သို့သော် ကုန်စည်ပြပွဲများမှ အဓိကရရှိနိုင်သော အရာမှာ တန်ဖိုး ကြီးမားသည့် သုတေသနဆိုင်ရာ အခွင့်အလမ်းများဖြစ်ပါသည်။

          လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို သေချာစွာ ပြုလုပ်ပြီးမှသာလျှင် စျေးကွက်လေ့လာ ရေး(General Market Visits)နှင့် ကုန်စည်ပြပွဲများ(Trade Fairs)ကို တက်ရောက်သင့်သည်။ သို့မှသာ ရရှိသော အခွင့်အလမ်းများကို အကျိုးရှိစွာ အသုံးချနိုင်ပေလိမ့်မည်။

 

Read market reports and analyse trade statistics at Myantrade’s Explore Export Markets Page