အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Risk Management

ကမ္ဘာလွှမ်းခြုံဖြစ်စဉ်များ(Globalization)နှင့်အတူ ကုန်သွယ်ရေးလုပ်ငန်းများသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အကြီးအကျယ် ပြောင်းလဲတိုးတက်ခဲ့ပါသည်။

သို့သော်လည်း ပိုမိုများပြားလာသည့် ပြည်ပပို့ကုန်အခွင့်အလမ်းများနှင့်အတူ ဆုံးရှုံး နိုင်သည့် အန္တရာယ်များကလည်း ရှိနေဆဲဖြစ်ပါသည်။

နစ်နာဆုံးရှုံးနိုင်မှုအမျိုးအစားများကို ကနဦးအဆင့်တွင်စူးစမ်းပယ်ထုတ်ပြီး အနည်းဆုံး ဖြစ်အောင်လျှော့ချနိုင်ရမည်။

နိုင်ငံတကာကုန်သွယ်မှုတွင် တွေ့ရလေ့ရှိသည့် ဆုံးရှုံးနိုင်မှု အန္တရာယ်အမျိုးအစားများ

(Types of Risk in International Trade)

           မိမိ၏ ပြည်တွင်း၌ တွေ့ကြုံရသော အန္တရာယ်များ၊ အခက်အခဲများနှင့်မတူပဲ မိမိ အရောင်း အဝယ်ပြုလုပ်ရန် ရည်ရွယ်ထားသည့် နိုင်ငံအပေါ်မူတည်၍ ရင်ဆိုင်ရသော ဆုံးရှုံး နိုင်မှု အန္တရာယ်များကွဲပြားမှုရှိနိုင်ပါသည်။ ၄င်းအန္တရာယ်တို့တွင် အောက်ပါတို့ပါဝင်နိုင် ပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုအန္တရာယ်(PoliticalRisk)

           မိမိကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု (သို့မဟုတ်) စီးပွားရေး ပိတ်ဆို့မှုများ ရှိနေပါက ကုန်ပစ္စည်းတင်ပို့ရာတွင် အနှောက်အယှက်ဖြစ်ခြင်း၊ တစ်ခါတစ်ရံ လုပ်ငန်းပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းစသည့် အန္တရာယ်များကို ကြုံတွေ့ရ နိုင်ပါသည်။ ၄င်းအန္တရာယ်များတွင် ငွေပေးချေရန် ပျက်ကွက်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုကို ပိတ်ပင်ခြင်း၊ နိုင်ငံခြားသားပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်းခြင်း၊ ပိုင်ဆိုင်သည့်ပစ္စည်းများ ကို သိမ်းယူခြင်း၊ အစိုးရမူဝါဒပြောင်းလဲခြင်း (သို့မဟုတ်) ပိုမိုဆိုးရွားသော အခြေ အနေများ တွင် တော်လှန်ရေးနှင့် ပြည်တွင်းစစ်တို့ ဖြစ်ပွားခြင်း စသည်တို့ပါဝင်နိုင်ပါသည်။

           ဤသို့ အဆုံးစွန်ဖြစ်လာနိုင်ချေများကို မျက်ခြေမပြတ်စေရန်အတွက် မိမိနိုင်ငံ၏ နိုင်ငံခြား ရေးဝန်ကြီးဌာနထံမှ သတင်းကြေညာချက်များကိုလည်း မပြတ်နားထောင် ရန်လို အပ်ပါသည်။

ဥပမာ: https://www.efic.gov.au/resources-news/country-profiles/africa/

ဥပဒေကြောင်းဆိုင်ရာနစ်နာမှု အန္တရာယ်များ(Legal Risk)

           မြန်မာနိုင်ငံ၏ ဥပဒေများနှင့် သင်တင်ပို့မည့် နိုင်ငံ၏ ဥပဒေများအကြားတွင် ကြီးမား သော ခြားနားခြင်းများရှိနိုင်ပါသည်။ သင့်အနေဖြင့် အဆိုပါ ခြားနားမှုများကိုသာမက သင်၏ လုပ်ငန်းအောင်မြင်မှုအပေါ် မည်သို့ သက်ရောက်နိုင်သည်ကိုလည်း သိရှိနားလည်ရန်လိုအပ် ပါသည်။မြန်မာနိုင်ငံ၏ ဥပဒေနှင့်အဆိုပါနိုင်ငံ၏ ဥပဒေကွဲပြားခြားနားနိုင်သည်ကို အထူး သဖြင့် သဘောတူစာချုပ် မချုပ်ဆိုမှီ သိရှိနားလည်ရန် အရေးကြီးပါသည်။ နိုင်ငံတကာ ကုန်သွယ်မှုဌာန(ICC) ဝက်ဆိုက်တွင် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် နမူနာ ပုံစံများစွာကို ဖတ်ရှု နိုင်ပါသည်။ http://store.iccwbo.org/model-contracts

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ နစ်နာမှုအန္တရာယ်များ (Exchange Rate Risk)

           ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကြောင့် ငွေလဲနှုန်းဆိုင်ရာ နစ်နာဆုံးရှုံးခြင်းများ ကြုံတွေ့ နိုင်ပါသည်။ အထူးသဖြင့် ပို့ကုန်လုပ်ငန်းကို ပထမဆုံးအကြိမ် လုပ်ကိုင်သူများသည် ငွေကြေးတန်ဖိုး မတည်ငြိမ်မှုကြောင့်အမြတ်အစွန်းများလျော့နည်းခြင်း(သို့မဟုတ်) ငွေကြေး ဆုံးရှုံးခြင်း များအထိ ကြုံတွေ့ရလေ့ရှိပါသည်။

           ဤနစ်နာဆုံးရှုံးမှုများကို ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများစွာရှိသည့်အနက် အချို့ နိုင်ငံများတွင် အသုံးပြုနေသည့် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သင်၏ ပစ္စည်းကို ၄င်းတို့နိုင်ငံသုံးငွေကြေးဖြင့် တန်ဖိုးသတ်မှတ်ခြင်းဖြစ်သည်။

           သို့ရာတွင် မြန်မာကျပ်ငွေကိုနိုင်ငံတကာတွင် အသိအမှတ်ပြု လဲလှယ်ခြင်းများစွာ မရှိသေးပါ။ အခြားနည်လမ်းတစ်ခုမှာ ဖြစ်နိုင်ချေရှိသော ငွေကြေးတန်ဖိုးမတည်ငြိမ်မှုများမှ ကာကွယ်ခြင်းဖြစ်ပါသည်။ ဤရွေးချယ်မှုနည်းလမ်းကို သင်၏ဘက်မှ ရယူနိုင်ပါသည်။

ငွေပေးချေရန် ပျက်ကွက်သည့် နစ်နာမှုအန္တရာယ်များ (Non-Payment Risk)

           ငွေမပေးချေမှုသည် ပစ္စည်းတင်ပို့သူများအတွက် အလွန်ကြီးမားသောအန္တရာယ်ဖြစ် ၍ ကြီးမားစွာသော သတိဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။အဆိုပါ အန္တရာယ်များကို အနည်းဆုံးသို့လျော့ချနိုင်ရန်အတွက်ငွေပေးချေမှုစည်းကမ်းသတ်မှတ်ချက်များကို မှန်ကန်စွာ ချုပ်ဆိုရမည်ဖြစ်ပြီး အလုံခြုံဆုံးနည်းလမ်းမှာ ကြိုတင်ငွေပေးချေခြင်း ပင်ဖြစ်သည်။

           နစ်နာဆုံးရှံးနိုင်သည့်အတိုင်းအတာအပေါ်မူတည်၍အကောင်းဆုံးကာကွယ်နိုင်မည့် ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်ရမည်။

           မည်သည့်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်သည်ဖြစ်စေ မိမိ၏ ကုန်စည်နှင့် ဝန်ဆောင်မှု များအတွက် ငွေကြေး မရရှိခြင်းသည် ပို့ကုန်သမားများအတွက် လွန်စွာကြီးမားသောဆုံးရှုံးမှု တစ်ခု ဖြစ်သည်။

           အသုံးပြုနေကျ နည်းလမ်းတစ်ခုမှာ ဘဏ်သို့ကြိုတင်ငွေပေးသွင်းထားသည့်စနစ် (Letter of Credit)ဖြစ်ပြီး သင့်ငွေကို ဘဏ်မှ ထိန်းသိမ်းထားရှိ၍ ဝယ်သူမှ မှာယူထားသည့် ပစ္စည်းကို သတ်မှတ် အစီအစဉ်အခန်းအတိုင်းရရှိသည်နှင့် တစ်ပြိုင်နက် ဘဏ်မှယင်းငွေကို မပျက်မကွက်ထုတ်ပေးသောစနစ်ဖြစ်သည်။ဆက်ဆံနေကျ လုပ်ငန်းများအနေဖြင့် ပို၍အဆင် ပြေလွယ်ကူသော ဘဏ်မှအကြွေးယူခွင့်စနစ်ကို ကျင့်သုံးကြပါသည်။ ယင်းစနစ်ကို ကျင့်သုံး ပါက အထူးသတိပြုရန်လိုအပ်ပြီး အကြွေးယူခွင့် အာမခံသည် အကြွေးဖြင့် ပစ္စည်းရောင်း ချသော ကုမ္မဏီများကို ကုန်သွယ်မှုနှင့် အခြားနိုင်ငံဆိုင်ရာ ဘေးအန္တရာယ်များမှ ကာကွယ် ပေးပါသည်။

ပိုးမွှားများပါဝင်လာနိုင်သည့် ကုန်ပစ္စည်းများကို ပိတ်ပင်နိုင်မှုအန္တရာယ် (Quarantine Compliance Risk)

           ရောဂါပိုး သယ်ဆောင်လာနိုင်သည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ နိုင်ငံတိုင်းတွင် တင်းကျပ်သော သတ်မှတ်ချက်များရှိသည်။ မိမိကုန်ပစ္စတင်ပို့မည်နိုင်ငံတွင် မည်သည့်တို့ကို ခွင့်ပြု၍ မည်သည်တို့ကို ဥပဒေဖြင့်တားမြစ်တားသည်ကို ကုန်ပစ္စည်းမတင် ပို့မီ သိရှိထားရန် လိုအပ်သည်။ တင်ပို့ရန်အဆိုပြု ထားသောကုန်စည်သည် ယင်းနိုင်ငံဥပဒေအရ ခွင့်ပြု ထားသည့်။ကုန်စည်ဖြစ်နေစေရန်လိုအပ်သည်။သို့မဟုတ်ပါကမိမိ၏ကုန်ပစ္စည်း သိမ်းဆည်း မခံရခြင်း၊ အဖျက်အဆီးခံရခြင်း၊ ဒဏ်ငွေနှင့်အခြားကန့်သတ်မှုများ ခံရခြင်းစသည့် အကျိုး ဆက်များနှင့် ကြုံတွေ့ရရှိနိုင်ပါသည်။

ပြည်ပပို့ကုန်နှင့် ပတ်သတ်သည့် ဆုံးရှုံးနိုင်ခြေများကို ခန့်မှန်းအကဲဖြတ်ခြင်း

(Managing your Export Risk)

           ပြည်ပပို့ကုန်နှင့် ပတ်သတ်သည့် ဆုံးရှုံးနိုင်ခြေများကို ခန့်မှန်းအကဲဖြတ်ခြင်းသည် ဖြစ်ပေါ်လာနိုင်သည့်မလိုလားဖွယ် ရလာဒ်များကိုစနစ်တကျ ခန့်မှန်းတွက်ချက်၍ ယင်းတို့ကို ရှောင်ရှားနိုင်ရန်(သို့)လျော့ချနိုင်ရန်(သို့)အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်း နိုင်ရန် စနစ် တကျ စီစဉ်ထားသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

           ခန့်မှန်းအကဲဖြတ်ခြင်း ပြုလုပ်ရာတွင် အခြေခံလုပ်ငန်းစဉ် (၆)ခုပါဝင်သည်။

-         နစ်နာဆုံးရှုံးနိုင် ခြေများနှင့် ဆက်စပ်နေသော အချက်များကို ရှာဖွေစုဆောင်းခြင်း

-         ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ် သတ်မှတ်ခြင်း

-         နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည့် ရာခိုင်နှုန်းနှင့် အကျိုးဆက်များ

-         နစ်နာဆုံးရှုံးနိုင်မှုများကို အနည်းဆုံးသို့ လျော့ချနိုင်မည့် မဟာဗျူဟာရေးဆွဲခြင်း

-         လုပ်ငန်းရလာဒ်များကို စောင့်ကြည့် သုံးသပ်ခြင်း

-         လုပ်ငန်းတွင် ပါဝင်သူအားလုံးနှင့် တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်ရယူခြင်း။

နစ်နာဆုံးရှုံးနိုင်မှုများနှင့် ပတ်သက်သည့် ခန့်မှန်းအကဲဖြတ်မှု၊ ကိုင်တွယ်ဖြေရှင်းမှု မဟာ ဗျူဟာများသည် ရှင်းလင်း၍ လုပ်ငန်းတွင် ပါဝင်နေသူတို့အားလုံး သိရှိနားလည်ရန် လိုအပ်သည်။