အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

How can MyanTrade help?

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့(MyanTrade) သည် ပြည်ပပို့ကုန်လုပ်ငန်းများကို အောက်ပါနည်းလမ်းများဖြင့် ကူညီနိုင်ပါသည်။

(၁)ကုန်သွယ်မှုသတင်းအချက်အလက်များနှင့်စျေးကွက်ဆိုင်ရာသိမှတ်ဖွယ်များကို ထုတ်ပြန် ပေးခြင်း      

(Trade Information and Market Intelligence)

(Myantrade) အနေဖြင့် နေ့စဉ်ပို့ကုန်စျေးနှုန်းများ (Daily Export Price)၊ နေ့စဉ် သတင်းထုတ်ပြန် ကြေညာချက်များ (Daily News Bulletins)၊ အပတ်စဉ် သတင်းသုံးသပ်ချက်များ (Weekly News Review)၊ ကြေညာချက်များ (Publishing Announcements) နှင့် အမိန့်ကြော်ငြာစာများ (Notifications) စသည့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို လိုအပ်သလို ထုတ်ပြန်ဖော်ပြပေးပါသည်။ ထို့ပြင် ဝက်ဘဆိုက်၊ သတင်းကြေညာချက်များ၊ သုံးသပ်ချက်များနှင့် ပုံနှိပ်စာစောင်များ စသည့် သတင်းနှင့် ပြန်ကြားရေး လမ်းကြောင်းများကို အသုံးပြု၍ သတင်းအချက်အလက်များကို ဖော်ပြ  ပေးပါသည်။ (Myantrade) ဝက်ဘက်ဆိုက် (Website) ၏ (Explore Export Market) ခေါင်းစဉ်အောက်တွင် သီးခြားထုတ်ကုန်နှင့် စျေးကွက်များနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ အရေးပါသည့်အချက် အလက်များကို ရှာဖွေကြည့်ရှုလေ့လာနိုင်ပါသည်။

(၂ ) ပြည်တွင်းနှင့် နိုင်ငံတကာကုန်စည်ပြပွဲများ စီစဉ်ကျင်းပခြင်း

(Organizing local and international trade fairs)

(Myantrade) သည် ပြည်တွင်း ကုန်စည်ပြပွဲအမျိုးမျိုးကို သာမက ပြည်တွင်းထုတ်လုပ်တင်ပို့သူများ ပါဝင်ရောင်းချနိုင် ရန်ရည်ရွယ်၍ နိုင်ငံတကာ ကုန်စည်ပြပွဲများကိုလည်း ကျင်းပပေးလျက်ရှိပါသည်။ သက်ဆိုင်ရာ ကုန်စည်ပြပွဲများ (Trade Fairs) တွင် သွင်းကုန်ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရန်အတွက် အထွေထွေလိုင်စင် (Open General Licence-OGL) ကိုလည်း (Myantrade) မှ ထုတ်ပေးလျက်ရှိပါသည်။

(၃) အသိပညာပေးနှီးနှောဖလှယ်ပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့်စွမ်းရည်မြှင့်သင်တန်းများ

ဖွင့်လှစ်ကျင်းပပေးခြင်း။

(Holding awareness seminars and workshops, and capacity building trainings)

(Myantrade) သည် မြန်မာထုတ်လုပ် တင်ပို့သူများအနေဖြင့် နိုင်ငံတကာစျေးကွက်နှင့် ၄င်းတို့၏ ကုန်ပစ္စည်းဆိုင်ရာ လိုအပ်ချက်များအကြောင်း ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ် ချက်ဖြင့် အသိပညာပေးနှီးနှောဖလှယ်ပွဲများ (Awareness Seminars)၊ အလုပ်ရုံဆွေးနွေးပွဲများ (Workshops) နှင့်စွမ်းရည်မြှင့်သင်တန်းများ (Capacity Building Trainings)   ဖွင့်လှစ်ကျင်းပ  ပေးလျက်ရှိပါသည်။

           ကိုက်ညီသော ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများ၊ နည်းစနစ်များနှင့် စျေးကွက်ချဉ်းကပ်ပုံနည်းလမ်းများ အကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ် ချက်ဖြင့် စွမ်းရည်မြှင့်သင်တန်းများ (Capacity Building Trainings)ကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါသည်။

(၄) ကုန်သွယ်ရေးဗဟိုဌာနများဖွင့်လှစ်ပေးခြင်းနှင့်နိုင်ငံတကာစီးပွားရေးတွဲဘက်များ ခန့်အပ်တာဝန်ပေးခြင်း။

(Establishing Trade centers and assigning economic attach in foreign counties)

ဒေသဆိုင်ရာ အာဏာပိုင်များ(Regional Authorities)၊ သက်ဆိုင်ရာ အကျိုးတူအဖွဲ့အစည်းများ(Respective Stakeholders)နှင့် ချိတ်ဆက်၍ နိုင်ငံတကာစျေးကွက်တွင် ဒေသထွက်ကုန်များ တိုးချဲ့တင်ပို့နိုင်ရန် ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်း အသီးသီး၏ အဓိကမြို့ကြီးများတွင် ကုန်သွယ်ရေးဗဟိုဌာန (၁၂) ခုကို (Myantrade) မှ ဖွင့်လှစ် ပေးခဲ့ပါသည်။

ကုန်သွယ်မှုဗဟိုဌာနများ ဖွင့်လှစ်ပေးခြင်းဖြင့် ကုန်သွယ်မှု သတင်းအချက်အလက် ကွန်ယက်ကို ပိုမိုကျယ်ပြန့်စေပြီး ရုံးချုပ်နှင့် ဒေသဆိုင်ရာ ဌာနများအကြားတွင် ချိတ်ဆက်မှု (Trade Information Network) အားကောင်းစေပါသည်။

(Myantrade)သည် ၂၀၁၈၊ဧပြီ(၁)ရက်မှ စတင်၍ စီးပွားရေးတွဲဘက်  (Economic Attach) များ စီမံကွပ်ကဲမှု ဗဟိုဌာန (The Focal Department for Administration of Economic Attach) အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့စီးပွားရေးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနှင့် အိမ်ရှင်နိုင်ငံများ အကြားတွင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံများ (Bilateral Trade and Investment) မြှင့်တင်ရန် အလို့ငှာ စျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များပေးခြင်း၊ အကြံဉာဏ်များ ဖလှယ်ခြင်း စသည်တို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ လက်ရှိတွင် အာရှ(၇)နိုင်ငံနှင့် မြောက်အမေရိကနှင့် ဥရောပ(၂)နိုင်ငံတွင် စီးပွားရေးတွဲဘက် (Economic Attach) များ ခန့်အပ်တာဝန်ပေးထားပါသည်။ အနာဂတ်တွင် အခြားနိုင်ငံများနှင့်လည်း အလားတူ ချိတ်ဆက်မှုများကို တိုးချဲ့ရန် ရည်ရွယ်ထားပါသည်။