Local News

လက်ကျန်နည်းပြီး ဝယ်လိုအားများလာသည့်အတွက် ပြောင်းဈေးတက်လာ

Last Updated:

ဇွန်လတတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်၌ ပြောင်းလက်ကျန်နည်းနေပြီး ဝယ်လိုအားများလာသည့်အတွက် ပြောင်းဈေးမြင့်တက်လာကြောင်း၊ အစာစက်ရုံများမှလည်း ပုံမှန် ဝယ်ယူရှိနေကြောင်းသိရသည်။

ပြောင်းဖူးစေ့(ဗမာ) ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၈၆၀၀၀မှ ၈၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၈၄၀၀၀ မှ ၈၅၀၀၀၊ ယခင်လ ကျပ် ၈၁၀၀၀ မှ ၈၂၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀ ကျပ်၊ ယခင်လထက် ၅၀၀၀ ကျပ်ခန့်မြင့်တက်လာသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၈၉၀၀၀မှ ၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၈၇၀၀၀ မှ ၈၈၀၀၀၊ ယခင်လ ကျပ် ၈၃၀၀၀ မှ ၈၄၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀ ကျပ်၊ ယခင်လထက် ၆၀၀၀ ကျပ် မြင့်တက်လာသည်။

ပြောင်းဖူးစေ့(ရှမ်း) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၈၉၀၀၀ မှ ၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၈၆၀၀၀ မှ ၈၇၀၀၀၊ ယခင်လ ကျပ် ၈၄၅၀၀ မှ ၈၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀ ကျပ်၊ ယခင်ထက် ကျပ် ၄၅၀၀ မှ ၅၀၀၀ ခန့်မြင့်တက်လာသည်။

Category: Local News