စက်တင်ဘာလဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်ဈေးကွက်၌ဆီကြိတ်ဖတ်ဈေးနှုန်းများဆက်လက်မြင့်တက်နေပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
မြေပဲဖတ်တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၅၆၀၀မှ ၅၇၀၀၊ ယခင်တစ်ပတ်ကျပ် ၅၂၀၀ မှ ၅၃၀၀၊ ယခင်လကျပ် ၄၂၅၀ မှ ၄၂၇၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၄၀၀ ကျပ် ၊ ယခင်လထက် ကျပ် ၁၃၅၀ မှ ၁၄၃၀ ခန့် ဈေးမြင့်လာသည်။
နှမ်းဖတ်တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၃၄၀၀မှ ၃၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀ မှ ၃၁၅၀၊ ယခင်လကျပ် ၂၇၀၀မှ ၂၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ကျပ် ၃၅၀ မှ ၃၅၀ ၊ ယခင်လထက် ၇၀၀ ကျပ် ခန့်ဈေးမြင့်လာသည်။
နေကြာဖတ်တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၂၈၀၀ မှ ၂၈၅၀၊ ယခင်တစ်ပတ် ကျပ် ၂၄၀၀ မှ ၂၅၀၀၊ ယခင်လ ကျပ် ၂၁၀၀ မှ ၂၂၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀မှ ၄၀၀၊ ယခင်လထက် ကျပ် ၆၅၀မှ ၇၀၀ ခန့်ဈေးမြင့်လာသည်။
မုန်ညှင်းဖတ်တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ်၂၇၀၀မှ ၂၈၀၀၊ယခင်တစ်ပတ် နှင့် ယခင်လတွင် ကျပ် ၂၅၀၀မှ ၂၆၀၀ ဖြစ်သည်။ ယခင်တစ်ပတ် နှင့် ယခင်လထက် ၂၀၀ ကျပ် ခန့်ဈေးမြင့်တက်လာသည်။
ပန်းနှမ်းဖတ်တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ၂၇၀၀ ကျပ်၊ ယခင်တစ်ပတ် နှင့် ယခင်လတွင် ကျပ် ၂၄၀၀မှ ၂၄၅၀ဖြစ်သည်။ ယခင်တစ်ပတ်နှင့် ယခင်လထက် ကျပ် ၂၅၀ မှ ၃၀၀ ခန့် ဈေးမြင့်တက်လာသည်။