Local News

နှမ်းမျိုးစုံ ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် မေလ ဒုတိယပတ်၌ နှမ်းမျိုးစုံအသစ်များ အများအပြား ဝင်ရောက်နေပြီး ဈေးကျကာ အရောင်းအဝယ်သွက်နေကြောင်းသိရသည်။

နှမ်းဖြူ(ဗမာ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၆၀၀၀၀ကျပ်၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ၊ ယခင်လကျပ် ၄၂၅၀၀၀မှ ၄၃၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၆၅၀၀၀မှ ၇၀၀၀၀ ဈေးနိမ့်ကျလာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်  ကျပ် ၃၆၀၀၀၀မှ ၃၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၈၀၀၀၀မှ ၃၉၀၀၀၀၊ ယခင်လ ကျပ် ၄၁၀၀၀၀မှ ၄၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ယခင်လထက် ကျပ် ၅၀၀၀၀မှ ၅၅၀၀၀ ခန့်ဈေးနိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၃၅၅၀၀၀ မှ ၃၆၀၀၀၀၊ ယခင်တစ်ပတ် ၃၉၀၀၀၀ ကျပ်၊ ယခင်လ ကျပ် ၄၄၅၀၀၀မှ ၄၅၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ၃၀၀၀၀မှ ၃၅၀၀၀ကျပ်၊ ယခင်လထက် ၉၀၀၀၀ ကျပ် ခန့် ဈေးနိမ့်ကျလာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၀၀၀၀၀မှ ၆၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀၀မှ ၅၈၅၀၀၀၊ ယခင်လ ကျပ် ၆၃၀၀၀၀ မှ ၇၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀၀၀မှ ၅၀၀၀၀ဈေးမြင့်တက်ကာ၊ ယခင်လထက် ကျပ် ၃၀၀၀၀မှ ၁၄၀၀၀၀ ခန့် ဈေးနိမ့်ကျလာသည်။

 

Category: Local News