Local News

နှမ်းမျိုးစုံ ဈေးကွက်အခြေအနေ

Last Updated:

အောက်တိုဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌နှမ်းမျိုးစုံအသစ်များဝင်ရောက်နေပြီးအရည်အသွေးပေါ်မူတည်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊နှမ်းနက်(စမုံ)မှာဈေးမြင့်နေပြီး၊ နှမ်းဖြူ(ဂျပန်)၊နှမ်းဖြူ(ဗမာ)နှင့်နှမ်းညိုတို့မှာ အရောင်းအဝယ်အေးဈေးအေးနေကြောင်းသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၄၅၀၀၀ မှ ၇၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၀၀၀၀၀မှ ၇၄၀၀၀၀၊ ယခင်လ ကျပ်  ၇၀၀၀၀၀ မှ  ၇၃၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀၀၀ မှ ၄၅၀၀၀၊ ယခင်လထက် ကျပ်  ၄၀၀၀၀မှ‌ ၄၅၀၀၀ ခန့် ဈေးမြင့်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၅၀၀၀မှ ၂၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၅၀၀၀ မှ ၃၀၅၀၀၀၊ ယခင်လ ကျပ် ၂၉၅၀၀၀မှ ၃၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်းဖြူ(ဗမာ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၆၅၀၀၀၊ ယခင်လ ကျပ် ၂၇၅၀၀၀မှ ၂၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၁၀၀၀၀ ကျပ် ဈေးမြင့်လာကာ၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်ညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၅၀၀၀မှ ၂၈၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၆၈၀၀၀မှ ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၆၅၀၀၀မှ ၂၈၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် အနိမ့်စ ၃၀၀၀ ကျပ်ခန့် ဈေးနိမ့်လာပြီး အမြင့်စ ၁၀၀၀၀ ကျပ်ခန့် ဈေးမြင့်လာ ကာ၊ ယခင်လ အတို်ငး ဈေးငြိမ်လျက်ရှိသည်။

Category: Local News