နိုဝင်ဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌နှမ်းမျိုးစုံဈေးကွက်အခြေအနေမှာအရည်အသွေးပေါ်မူတည်၍ရောင်းဝယ်မှုဖြစ်နေပြီးအရောင်းအဝယ်သွက်နေကြောင်း သိရသည်။
နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၃၀၀၀၀ မှ ၇၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၄၀၀၀၀မှ ၇၆၅၀၀၀၊ ယခင်လ ကျပ် ၇၂၀၀၀၀ မှ ၇၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀၀၀ ကျပ် ခန့် ဈေးနိမ့်လာပြီး အမြင့်စ ၁၅၀၀၀ ကျပ် ခန့်ဈေးမြင့်လာကာ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၁၅၀၀၀ ခန့်ဈေးမြင့်လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၈၅၀၀၀ မှ ၂၉၀၀၀၀၊ ယခင်လ ကျပ် ၃၀၅၀၀၀မှ ၃၁၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ၅၀၀၀ ကျပ် ၊ ယခင်လထက် ၂၅၀၀၀ ကျပ် ခန့် ဈေးနိမ့်လာသည်။
နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀၀၀၀မှ ၂၇၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၆၅၀၀၀မှ ၂၆၇၀၀၀၊ ယခင်လ ကျပ် ၂၇၅၀၀၀မှ ၂၇၈၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၅၀၀၀ မှ ၈၀၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့် ဈေးနိမ့်လာသည်။