ဇွန်လနောက်ဆုံးပတ်တွင် မန္တလေးဈေးကွက်၌ ဒူးရင်းသီးများ အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရနေကြောင်းသိရသည်။ မန္တလေးဈေးကွက်သို့ ယိုးဒယားမှ ဝင်ရောက်လာသည့် မွန်ထောင်းသီး နှင့် ချန်နီသီး တို့ဖြစ်ပြီး၊ ပြည်တွင်းထွက်ရှိသည့် မော်လမြိုင်အသီး၊ မော်လမြိုင် ကိုင်းဆက်သီး ၊ တောင်ငူမှ ဝင်ရောက်လာသည့် တောင်ငူအသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် မွန်ထောင်းသီး တစ်ကီလိုလျှင် အနိမ့်ဆုံးဈေး ၂၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၈၀၀၀ ကျပ်၊ ချန်နီသီး တစ်ကီလိုလျှင် အနိမ့်ဆုံးဈေး ၁၈၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချ နေကြောင်း၊ ပြည်တွင်းထွက်အသီးများမှာ တစ်လုံးလျှင် အနိမ့်ဆုံးဈေး ၁၃၀၀၀ ကျပ် မှ အမြင့်ဆုံး ဈေး ၆၀၀၀၀ ကျပ် အထိ ရောင်းချလျက်ရှိပြီး ဈေးကောင်းရနေကြောင်း သိရသည်။