Local News

ပဲပုပ် အရောင်းအဝယ်အေး ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင် ဈေးကွက်သို့ ရှမ်းပြည်နယ်တွင် စိုက်ပျိုးသည့် ပဲပုပ်များအပြင် တိုင်းတွင်းထွက်ရှိသည့် ပဲပုပ်များဝင်ရောက်၍ ရောင်းဝယ်ကြသည်။ ပဲပုပ်သည် ပြည်တွင်းစားသုံးမှု ရှိသည့် သီးနှံဖြစ်သည့်အပြင် ပြည်ပသို့လည်းတင်ပို့လျက်ရှိကြောင်း၊ ဇွန်လ နောက်ဆုံးပတ်တွင်  ပဲပုပ်များ အရောင်းအဝယ်အေးနေကြောင်း သိရသည်။

ဇွန်လနောက်ဆုံးပတ်နှင့် ယခင်တစ်ပတ်၊ ယခင်လတွင် မန္တလေးကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသည့် ပဲပုပ်ဈေးနှုန်းများမှာ-

ပဲပုပ်(ဗမာ)၅၃.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၁၀၀၀၀ မှ ၄၁၅၀၀၀၊ ယခင်တစ်ပတ် ၄၁၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ခန့် ဈေးမြင့်လာသည်။

ပဲပုပ်(ရှမ်း) ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၇၀၀၀၀မှ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၆၀၀၀၀မှ ၂၉၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၁၀၀၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်၍     အမြင့်စ ၂၀၀၀၀ ကျပ် ဈေးနိမ့်လာသည်။

Category: Local News