Local News

ဆီကြိတ်ဖတ်များ ဈေးနှုန်းအခြေအနေ

Last Updated:

ဧပြီလနောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ မွေးမြူရေးအစာအဖြစ် အသုံးပြုသည့် ဆီကြိတ်ဖတ်များမှာ ပြည်ပဝယ်လိုအားနည်းသော်လည်း ပြည်တွင်းမွေးမြူရေးလုပ်ငန်း အစာစက်ရုံများမှ ဝယ်ယူမှုရှိနေခြင်းကြောင့် အရောင်းအဝယ်သွက်နေပါသည်။

ပဲဖက် တစ်ပိဿာလျှင် ယခုတစ်ပတ် ၇၉၅၀ ကျပ်၊ ယခင်တစ်ပတ် ၇၉၀၀ကျပ်၊ ယခင်လ ၈၁၅၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀ ကျပ် ခန့်ဈေးမြင့်တက်လာသော်လည်း၊ ယခင်လ ထက် ၂၀၀ကျပ် ခန့် ဈေးပြန်ကျဆင်းသွားပါသည်။

နှမ်းဖက် တစ်ပိဿာလျှင် ယခုတစ်ပတ်နှင့်ယခင်တစ်ပတ်တွင် ၅၄၀၀ ကျပ်၊ ယခင်လ ၅၆၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ၂၀၀ ကျပ်ခန့် ဈေးကျ ဆင်းသွားပါသည်။

နေကြာဖက် တစ်ပိဿာလျှင် ယခုတစ်ပတ် ၄၁၀၀ ကျပ်၊ ယခင်တစ်ပတ် ၄၂၀၀ ကျပ်၊ ယခင်လ ၄၄၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်၊ ယခင်လထက် ၃၀၀ ကျပ်ခန့် ဈေးကျဆင်းလာပါသည်။

မုန်ညှင်းဖက် တစ်ပိဿာလျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင် ၄၁၀၀ ကျပ်၊ ယခင်လ ၄၂၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လ ၁၀၀ ကျပ်ခန့် ဈေးကျဆင်းသွားပါသည်။

Category: Local News