ဇူလိုင်ပထမပတ် တွင် မန္တလေးကုန်စည်၌ ကုလားပဲမျိုးစုံ အရောင်းအဝယ်အေး ဈေးနိမ့်လာကြောင်းသိရသည်။
ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၆၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၆၃၀၀၀ ကျပ် ၊ယခင်လ ကျပ်၂၆၅၀၀၀ မှ ၂၆၇၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀ ကျပ်၊ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၇၀၀၀ ကျပ်ဈေးနိမ့်လာသည်။
ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၂၀၀၀ မှ ၂၆၃၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၆၃၅၀၀ မှ ၂၆၅၀၀၀၊ ယခင်လ ကျပ် ၂၆၈၀၀၀ မှ ၂၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀မှ ၂၀၀၀၊ ယခင်လထက် ကျပ် ၆၀၀၀မှ ၇၀၀၀ ခန့်ဈေးနိမ့်လာသည်။
ကုလားပဲ (၉၂၉) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၅၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၅၃၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၅၉၀၀၀မှ ၂၆၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀ ကျပ်၊ ယခင်လထက်ကျပ် ၆၀၀၀မှ ၉၀၀၀ ခန့်ဈေးနိမ့်လာသည်။
ကုလာပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၄၀၀၀၀ ကျပ်၊ ယခင် တစ်ပတ် ၂၄၃၀၀၀ ကျပ်၊ ယခင်လ ၂၅၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀ ကျပ်၊ ယခင်လထက် ၁၀၀၀၀ ကျပ် ခန့်ဈေးနိမ့်လာသည်။