Local News

ပြည်တွင်းသုံးကုလားပဲများ အရောင်းအဝယ်အေး ဈေးနိမ့်လာ

Last Updated:

ဩဂုတ်တတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပို့ကုန်ပဲအမာများနှင့်အတူပြည်တွင်းသုံးကုလားပဲများမှာ အရောင်းအဝယ်အေးပြီးဈေးနိမ့်လာကြာင်းသိရသည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၅၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၂၆၃၀၀၀မှ ၂၆၅၀၀၀၊ ယခင်လ ၂၆၃၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ် ထက်  ကျပ် ၈၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက် ၈၀၀၀ ကျပ်ဈေးနိမ့်လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၅၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ်၂၆၅၀၀၀ မှ ၂၆၇၀၀၀၊ ယခင်လ ကျပ် ၂၆၄၀၀၀ မှ ၂၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၁၂၀၀၀၊ ယခင်လထက် ကျပ် ၉၀၀၀မှ ၁၀၀၀၀ ခန့်ဈေးနိမ့်လာသည်။

ကုလားပဲ (၉၂၉) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၈၀၀၀ မှ ၂၄၉၀၀၀၊ ယခင်တစ်ပတ်၊ ယခင်လကျပ် ၂၅၅၀၀၀ မှ၂၅၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ၊ ယခင်လ ထက် ကျပ် ၇၀၀၀ မှ ၈၀၀၀ ခန့်ဈေးနိမ့်လာသည်။

ကုလာပဲ (ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၅၀၀၀ မှ ၂၄၀၀၀၀ ၊ ယခင်တစ်ပတ် ၂၄၅၀၀၀ ကျပ်၊ ယခင်လ  ကျပ် ၂၄၃၀၀၀ မှ ၂၄၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၅၀၀၀မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၈၀၀၀ ခန့်ဈေးနိမ့်လာသည်။

Category: Local News