Local News

မုံရွာမြို့ရှိ မြေပဲဆန်ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကုန်စည်ဒိုင်တွင် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက် သီးနှံဖြစ်သော မြေပဲများ အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော မြေပဲအတောင့်များ၊ အဆန်များကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ၊ အကြော်ဖိုများက အဝယ်လိုက်ခြင်း၊ တရုတ်နိုင်ငံမှလည်း အဝယ်လိုက်နေကြောင်းသိရပါသည်။ ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့် ညီညွှတ်နေသော ပဲဆီသန့်များ အရောင်းအဝယ်ဖြစ်နေပါကြောင်းသိရပါသည်။

ဇူလိုင်လ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌အရောင်းအဝယ်ဖြစ်နေသော မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၂၀၀ ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၆၀၀ကျပ်မှ ၉၇၀၀ကျပ်ထိရှိပြီး မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၈၀၀၀ကျပ် ရှိကြောင်းသိရသည်။ ယခင်လ ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၀၀ကျပ်ခန့်၊မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၃၀၀ကျပ်ခန့် ကျဆင်းနေပြီး မြေပဲဆီဈေးမှာ ဈေးငြိမ်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News