ဇွန်လ ပထမတစ်ပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံအထွက်တိုး၊ ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲထိုင်ဝမ် ဈေးငြိမ်၍ ကုလားပဲ929 ဈေးနှုန်း အနည်းငယ်မြင့်တက်နေပြီး ပဲတီစိမ်းကြီးနှင့် ပဲကြီး ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။
ယခုအပတ်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၉၄၀၀၀ကျပ်၊ ပဲတီစိမ်းကြီး ၉၂၀၀၀ကျပ်၊ ပဲကြီး ၁၈၅၀၀၀မှ ၁၉၀၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၁၀၀၀၀မှ ၁၁၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၅၀၀ကျပ်၊ ကုလားပဲ 929 ၇၂၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၁၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။
ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၉၄၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၉၀၀၀၀မှ ၉၇၀၀၀ကျပ်၊ ပဲကြီး ၁၈၅၀၀၀မှ ၁၉၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၅၀၀ကျပ် ၊ ကုလားပဲ 929 ၇၁၅၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၁၅၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။
ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ 929 တစ်တင်း ၁၀၀၀ ကျပ်မြင့်တက်လာပြီး ပဲတီစိမ်းကြီး တစ်တင်း ၅၀၀၀ကျပ်၊ ပဲကြီး တစ်တင်း ၃၀၀၀ ကျပ် ကျဆင်းလာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး