စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နွေစပါးလျာထား ၂၅၀၀၀၀ လျာထားပြီး စပါးစိုက်တောင်သူများ အနေဖြင့် သဖန်းဆိမ့်ရေလှောင်တမံ၊ ကင်းတပ်ဆည်၊ ကာဘိုးဆည်တိုမှ ရေကို အဓိကအားထားစိုက်ပျိုးပြီး လိုအပ်ပါက စက်ရေတွင်းများဖြင့် ရေတင်စိုက်ပျိုးကြပြီး ယခုနှစ်တွင် နွေစပါးဧကပေါင်း ၂၂၀၀၀၀ ခန့်စိုက်ပျိုး နိုင်ခဲ့ပါသည်။
အများဆုံးစိုက်ပျိုးကြသော ခရိုင်များမှာ ဧက ၁ သိန်းကျော် စိုက်ပျိုးသော ရွှေဘိုခရိုင်၊ ဧက ၃၅၀၀၀ ကျော် စိုက်ပျိုး သော ရေဦးခရိုင်နှင့် ကန့်ဘလူခရိုင်မှ ဧက ၂၂၀၀၀ ကျော် စိုက်ပျိုးပြီး၊ ကသာခရိုင်၊ ဟုမ္မလင်းခရိုင်၊ စစ်ကိုင်းခရိုင်၊ မော်လိုက်ခရိုင်၊ ကောလင်းခရိုင်၊ ကလေးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ ခန္တီးခရိုင်၊ နာဂဒေသတွင်လည်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ မေလ နောက်ဆုံးပတ်တွင် နွေစပါး ဧက ၅၀၀၀၀ ကျော် ရိတ်သိမ်းပြီးစီးနေကြောင်း တိုင်းစိုက်ပျိုးရေးမှ သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း ၁၀၀ လျှင် ၄၅၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ကလေး ဧည့်မထ (သစ်) စပါး တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်၊ ကလေးဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ အင်းတော် ဆင်း(၃) (သစ်) စပါး တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ မုံရွာ ဧရာမင်း (ဟောင်း) စပါး တင်း ၁၀၀ လျှင် ၂၈၅၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှင့် မနောသုခ (သစ်) စပါး တင်း ၁၀၀ လျှင် ၁၉၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၃၀၀၀ ကျပ်ရှိနေပြီး ယခင်လကုန်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ဈေး/ စပါးဈေးများ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး