စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စပါးဈေးနှုန်း၊ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း ၁၀၀ လျှင် ၄၆၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၆၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ကလေး ဧည့်မထ (သစ်) စပါး တင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်၊ ကလေး ဧရာမင်း (သစ်) စပါး တင်း ၁၀၀လျှင် ၂၃၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ အင်းတော် ဆင်း (၃) (သစ်) စပါး တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ မုံရွာ ဧရာမင်း (ဟောင်း) စပါး တင်း ၁၀၀ လျှင် ၂၈၅၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၇၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှင့် မနောသုခ (သစ်) စပါး တင်း ၁၀၀ လျှင် ၁၉၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၈၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ယခင်လကုန်ပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း ၁၀၀ လျှင် ၁၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၁၀၀၀၀၀ ကျပ်နှင့် ကလေး ဧည့်မထ (သစ်) စပါး တင်း ၁၀၀ လျှင် ၁၀၀၀၀၀ ကျပ်၊ ကလေး ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၀၀၀၀၀ကျပ်မြင့်တက်နေပြီး မုံရွာ ဧရာမင်း (သစ်) စပါး တင်း ၁၀၀ လျှင် ၂၀၀၀၀၀ ကျပ်နှင့် ဆန် တစ်အိတ်လျှင် ၅၀၀၀ ကျပ် ဆန်ဈေး/စပါးဈေးများ မြင့်တက်လာကြောင်းသိရပါသည်။ထိုသို့မြင့်တက်ရခြင်းမှာ ဈေးကွက်အတွင်းတွင် လှောင်လက်များအဝယ်လိုက်ခြင်း၊ အောက်ပိုင်းမှ အဆွဲရှိခြင်း၊ ဆန်စက်များမှ အဝယ်များသဖြင့် ဆန်ဈေး/ စပါးဈေးများ မြင့်တက်လာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး