စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့နှင့် အခြားဆီထွက်သီးနှံများတို့ စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ လျာထား လျက်ရှိသည့် သီးနှံများမှာ မိုးရာသီ စိုက်ပျိုးလျာထား ဧက ၈.၅ သိန်းကျော်၊ ဆောင်းရာသီ ၁၅.၂ သိန်းကျော်နှင့် နွေရာသီ ၀.၉ သိန်းကျော် စုစုပေါင်း ၂၄.၆ သိန်းကျော်လျာထားပါသည်။ ဆီထွက်သီးနှံအုပ်စုများဖြစ်သော မိုးမြေပဲ စိုက်ပျိုးဧက ၃.၇ သိန်းကျော်၊ ဆောင်းမြေပဲစိုက်ပျိုးဧက ၅.၂ သိန်းကျော် စုစုပေါင်းစိုက်ပျိုးဧက ၈.၉ သိန်းကျော်၊ မိုးနှမ်း စိုက်ပျိုး ဧက ၄.၃ သိန်းကျော်၊ ဆောင်းနှမ်း စိုက်ပျိုးဧက ၅.၅ သိန်းကျော်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နွေနှမ်းစိုက်ပျိုးဧက ၀.၉ သိန်းကျော် စုစုပေါင်း ၁၀.၈ သိန်းကျော်၊ မိုးနေကြာစိုက်ပျိုးဧက ၀.၄ သိန်းကျော်၊ဆောင်းနေကြာ စိုက်ပျိုးဧက ၃.၃ သိန်း ကျော် စုစုပေါင်းစိုက်ပျိုးဧက ၃.၈ သိန်းကျော်၊ မုန့်ညှင်းစေ့စိုက်ပျိုးဧက ဧက ၀.၃ သိန်းကျော်နှင့် အခြားဆီထွက်သီးနှံစိုက်ပျိုးဧက ၀.၇ သိန်းကျော် လျာထားကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
မုံရွာမြို့၌ မေလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သော ဆီထွက်သီးနှံ ပေါက်ဈေးနှုူန်း များနမှာ မြေပဲဆီ တစ်ပိဿာ ၁၉၅၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၁၆၀၀ ကျပ် ၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၂၀၀၀မှ ၁၂၃၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀၀၀၀မှ၂၀၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀ ကျပ်၊ ဆီနေကြာစေ့ တစ်ပိဿာ ၈၀၅၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ ပဲဖတ် (နယ်)တစ်ပိဿာ ၇၉၀၀ ကျပ်၊ ပဲဖတ် (ဆုံခွေ) တစ်ပိဿာ ၇၅၀၀ ကျပ်၊ နှမ်းဖတ် (နယ်) တစ်ပိဿာ ၅၄၂၅ နှင့် နေကြာဖတ် တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး