Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လ စတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာနှမ်းဖြူ ဈေးငြိမ်ပြီး နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆန်နီ ဈေးများမြင့်တက်၍ မြေပဲလုံးဆန်ဖြူ  ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ဇူလိုင်လ စတုတ္ထပတ်တွင် နှမ်းညို တစ်တင်း  ၈၈၀၀၀-၉၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀- ၂၆၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၅၀၀၀-၁၁၀၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၄၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း  ၁၈၀၀၀၀-၂၅၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၉၅၀၀၀-၁၁၀၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူ နှိုင်းယှဉ်ပါက  နှမ်းညို တစ်တင်း ၁၀၀၀ ကျပ်ခန့်၊ နှမ်းနက် တစ်တင်း ၁၀၀၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။

ဇူလိုင်လ စတုတ္ထပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၄၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၅၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၁၀၀ကျပ်ခန့်မြင့်တက်နေပြီး၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၅၀၀ကျပ်ခန့် ကျဆင်းသွားကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ  ၁၇၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၄၃၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၉၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News