Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

ဇူလိုင်လ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၂၀၀၀၀ ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေး၊ ကချင်နှင့် ချင်းတွင်းမြစ် အထက်မြစ်ရိုးတစ်လျောက် တင်ပို့လျက်ရှိကြောင်းသိရပါသည်။

ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) ၁၃၀၀-၁၅၀၀ ကျပ်၊ (လတ်) ၁၁၀၀-၁၂၀၀ ကျပ်၊ (သေး) ၉၀၀-၁၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုအခြောက်အရောင်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) ၁၆၀၀-၁၈၀၀ ကျပ်၊ (လတ်) ၁၃၀၀-၁၅၀၀ ကျပ်၊ (သေး) ၁၀၀၀- ၁၂၀၀ ကျပ်ရှိနေပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ (ဗမာ) ၁၀၀၀၀-၁၁၀၀၀ ကျပ်၊ (ရှမ်း) ၈၀၀၀-၉၀၀၀ ကျပ်၊ (ကြူကုတ်) ၁၅၀၀၀-၁၆၀၀၀ ကျပ်ဖြင့် ပစ္စည်းအရည်သွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News