Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  ဂျုံဖြူသန့်နှင့် ဂျုံထွက်တိုးဈေးငြိမ်၍ ပဲကြီး၊ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ ထိုင်ဝမ်နှင့် ကုလားပဲ 929 ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။

ယခုအပတ်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊  ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊ ပဲကြီး ၁၅၀၀၀၀-၁၅၂၀၀၀ ကျပ်၊ ပဲစင်းငုံ ၈၁၅၀၀ ကျပ်၊  ကုလားပဲ ဖြူလုံးကြီး ၇၈၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၄၀၀၀ ကျပ်၊  ကုလားပဲ 929 ၇၈၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၂၀၀၀ ကျပ်ပေါက်ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊  ပဲကြီး ၁၄၈၀၀၀-၁၅၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၈၁၀၀၀ ကျပ်၊ ကုလားပဲဖြူ လုံးကြီး ၇၇၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၇၂၀၀၀ ကျပ်၊  ကုလားပဲ 929 ၇၆၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၀၀၀ ကျပ်နှုန်းပေါက်ဈေးရှိကြောင်း သိရသည်။

ယခုအပတ်နှင့် ယခင်အပတ် ကာလတူနှိုင်းယှဉ်ပါက  ပဲကြီး တစ်တင်း ၂၀၀၀ ကျပ်၊ ပဲစင်းငုံ တစ်တင်း ၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း ၁၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲ 929  တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၂၀၀၀ ကျပ်နှုန်း မြင့်တက်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News