ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အပြန်အလှန်အခွန်အသစ်အဖြစ် ထိုင်းကုန်စည်များအပေါ် အမေရိကန်သည် ၁၈ ရာခိုင်နှုန်းကောက်ခံနိုင်ကြောင်း ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ထိုင်းအစိုးရအနေဖြင့် အမေရိကန်နှင့်ညှိနှိုင်းမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိပြီး ပြင်ဆင်ထားသော အရေးပေါ်အစီအစဉ်များသည် မည်သည့်စီးပွားရေးသက်ရောက်မှုကိုမဆို ခုနှိမ်ရန်ဖြစ်ကြောင်း၊ထိုင်း-ကမ္ဘောဒီး ယားပဋိပက္ခနှင့်စပ်လျဉ်း၍ မလေးရှားတွင် အောင်အောင်မြင်မြင်ညှိနှိုင်းပြီးနောက် အမေရိကန်သမ္မတက ယာယီဝန်ကြီးချုပ် H.E Phumtham Wechayachai ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပါကြောင်း၊ ထရမ့်က ထိုင်းနိုင်ငံ၏ သံတမန်ရေးရာကြိုးပမ်းမှုများအတွက် အထင် ကြီးခဲ့ပြီး ဒေသတွင်းတင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းပုံကို ကျေနပ်လျက်ရှိရာ အခွန်ပြဿနာအတွက်လည်း အကောင်းဆုံးနည်းလမ်းဖြင့်ဖြစ်စေရေး ကတိပေးခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira ဦးဆောင်သည့်ညှိနှိုင်းမှုများသည်လည်း သင့်တင့်ကောင်းမွန်ကြောင်း ဝန်ကြီး Phumtham က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ၁၅ ရာခိုင်နှုန်းဖြင့် ဥရောပသမဂ္ဂနှင့် ဂျပန်တို့အပေါ် ကောက်ခံသည့်နှုန်းထားနှင့်တူညီပါကြောင်း၊ ဘရာဇီးသည် ၅၀ ရာခိုင်နှုန်းနှင့် အိန္ဒိယသည် ၂၅ ရာခိုင်နှုန်းသတ်မှတ်ခံထားရပြီး ပါလက် စတိုင်းအသိအမှတ်ပြုရန် ပြင်ဆင်နေခြင်းအတွက် ကနေဒါအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများရင်ဆိုင်ရမည်ဟု ထရမ့်က သတိပေးထားခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)