International News

တရုတ်နိုင်ငံရှိ နည်းပညာခြေခံ SME လုပ်ငန်းများအတွက် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ချေးငွေထောက်ပံ့မှု ပိုမိုရရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နည်းပညာအခြေခံအသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ(SMEs)အတွက် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ချေးငွေအထောက်အပံ့မှုပိုမိုရရှိခဲ့ကြောင်း တရုတ်ပြည်သူ့ဘဏ်(People's Bank of China -PBOC)၏ထုတ်ပြန်ချက်အရ သိရှိရသည်။

ပထမသုံးလပတ်အကုန်တွင် နည်းပညာအခြေခံ SMEs လုပ်ငန်းများ၏ ၄၉ ဒသမ ၆ ရာခိုင်နှုန်းသည် ချေးငွေများရရှိခဲ့ပြီး ယခုနှစ်အတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိတိုးလာခဲ့ကြောင်း PBOC ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ပြည်တွင်းငွေကြေးနှင့် နိုင်ငံခြားငွေကြေးတို့ဖြင့် ထုတ်ချေးထားသော နည်းပညာအခြေခံ SMEs လုပ်ငန်းများအတွက် ချေးငွေပမာဏသည် ယွမ် ၃ ဒသမ ၃၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၆၃ ဘီလီယံ)အထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဤတိုးတက်မှုနှုန်းသည် စုစုပေါင်းချေးငွေတိုးတက်မှုနှုန်းထက် ၁၇ ဒသမ ၁ ရာခိုင်နှုန်းပိုမိုခဲ့သည်။

တရုတ်နိုင်ငံသည် နည်းပညာမြင့်ကုမ္ပဏီများအတွက် ချေးငွေပံ့ပိုးမှု၌ အားကောင်းလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နည်းပညာမြင့်လုပ်ငန်းများအတွက် ပြည်တွင်းငွေကြေးနှင့် နိုင်ငံခြားငွေကြေးတို့ဖြင့် ထုတ်ချေးထားသော ချေးငွေပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး စုစုပေါင်းချေးငွေတိုးတက်မှုနှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်းပိုမိုခဲ့သည်။

ထို့ပြင် ပထမသုံးလပတ်အကုန်တွင် ပြည်တွင်းငွေကြေးနှင့်နိုင်ငံခြားငွေကြေးတို့ဖြင့် ထုတ်ချေးထားသော အစိမ်းရောင်ကဏ္ဍအတွက် ချေးငွေပမာဏသည် ယွမ် ၄၀ ဒသမ ၆၁ ထရီလီယံအထိရှိခဲ့ပြီး ယခုနှစ်အစနှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၆ ရာခိုင် နှုန်းတိုးတက်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

အိမ်ခြံမြေကဏ္ဍအတွက် ချေးငွေပံ့ပိုးမှုများတည်ငြိမ်လျက်ရှိသည်။ပထမသုံးလပတ် ကုန်ဆုံးချိန်တွင် အိမ်ခြံမြေလုပ်ငန်းများအတွက် ထုတ်ချေးထားသော ချေးငွေပမာဏသည် ယွမ် ၅၃ ဒသမ ၅၄ ထရီလီယံအထိရှိခဲ့ပြီး ယခုနှစ်အတွင်း ၀ ဒသမ ၀၄ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း၊ အိမ်ခြံမြေဖွံ့ဖြိုးရေးအတွက် ချေးငွေပမာဏသည်လည်း ယွမ် ၁၃ ဒသမ ၈၇ ထရီလီယံအထိရှိခဲ့ပြီး ၀ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

အရင်းအမြစ်။ https://en.people.cn/n3/2025/0531/c90000-20322291.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News