ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၉ လအတွင်း ကော်ဖီတန်ချိန် ၁.၂၄ သန်းနီးပါးတင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၀၁ ဘီလီယံစံချိန်တင်ရရှိခဲ့ကြောင်း၊ ၂၀၂၄ တစ်နှစ်ပတ်လုံးရရှိခဲ့သည့် ပို့ကုန်တန်ဖိုး ၅.၆၂ ဘီလီယံကို ကျော်လွန်သွားကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။
တန်ဖိုးအားဖြင့် ၆၂ ရာခိုင်နှုန်းတိုးမြင့်လာပြီး ပမာဏအားဖြင့် ၁၂ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။ အဆိုပါကိန်းဂဏန်းများ သည် တစ်နှစ်ထက်တစ်နှစ်တိုးမြင့်လာသော ပို့ကုန်ဈေးနှုန်းများနှင့် ခိုင်မာသောဝယ်လိုအားနှစ်ခုလုံးကို ရောင်ပြန်ဟပ်စေသည်။
စက်တင်ဘာတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၆၂ သန်းတန်ဖိုးရှိ ကော်ဖီတန်ချိန် ၈၁,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုး ၆၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
၉ လတာကာလအတွင်းပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၆၅၅ သို့ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၅.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်သွင်းမှုအများဆုံးနိုင်ငံများဖြစ်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၃.၉ ရာခိုင်နှုန်း၊ ၇.၅ ရာခိုင်နှုန်းနှင့် ၇.၅ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ဖော်ပြပါရှိပါ သည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)