International News

အမေရိကန်နိုင်ငံမှ အကောက်ခွန်များတိုးမြှင့်ကောက်ခံလျက်ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်မှာ မြင့်တက်ခဲ့

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှအကောက်ခွန်များတိုးမြှင့်ကောက်ခံခဲ့မှုကြောင့် အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့သော်လည်း အာရှနိုင်ငံများသို့ တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ ၄.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ၂၂-၁၀-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan’s exports and imports grow in September despite Trump’s tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံမှ အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၁၃.၃ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး၊ ၆ လဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှုမှာ ၂၄.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ သွင်းကုန်တင်သွင်းမှုမှာ ၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊တရုတ်နိုင်ငံမှ သွင်းကုန် များတင်သွင်းမှုမှာ ၉.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အာရှနိုင်ငံများမှ သွင်းကုန်များတင်သွင်းမှုမှာ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News