၂၀၂၅ ခုနှစ်၊မေလအတွင်း နိုင်ငံတကာဈေးကွက်များမှ ဝယ်လိုအားများကျဆင်းလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍသည်လည်းကျဆင်းခဲ့ကြောင်း၊ ၅-၆-၂၀၂၅ ရက်နေ့ထုတ်ပြန်ချက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ထုတ်လုပ်မှုဝယ်လိုအားညွှန်းကိန်း Manufacturing Purchasing Managers’ Index-PMI သည် ယခင်လက ၅၃ ရှိရာမှ မေလတွင် ၅၀.၁ သို့ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ညွှန်းကိန်း ၅၀ နှင့်အထက်သည် တိုးတက်မှုရှိသည်ဟုရည်ညွှန်းပြီး ၅၀ အောက်ကျဆင်းခဲ့ပါက တိုးတက်မှုနှုန်းကျဆင်းသည်ဟု ရည်ညွှန်းခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။
PMI သည် ကုန်ထုတ်လုပ်သူစုစုပေါင်း ၄၀၀ ခန့်မှ ကုန်ဝယ်အမှာစာများလက်ခံရရှိမှု၊ ကုန်ပစ္စည်းထွက်ရှိမှု၊ အလုပ်အကိုင်ရရှိမှု၊ ကုန်ပစ္စည်းပို့ဆောင်ပေးသည့် အကြိမ်အရေအတွက်နှင့် ဝယ်ယူသည့် ပမာဏတို့အပေါ်အခြေခံ၍ တွက်ချက်ပြီးထုတ်ပြန်သည့်ညွှန်းကိန်းဖြစ်ပါသည်။မေလအတွင်း ပို့ကုန်အသစ်အမှာစာများကျဆင်းခဲ့ခြင်းကြောင့် ဖိလစ်ပိုင်ကုန်ထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာဈေးကွက်တွင်အခက် အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင် ဘာလကတည်းကစတင်၍ ကျဆင်းနေခဲ့ခြင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုများမြင့်တက်လာသည်နှင့်အပြိုင်ပြည်ပဝယ်လိုအားတွင်လည်း အန္တရာယ် ပိုမိုမြင့်မားလာကြောင်း ဖော်ပြပါရှိပါသည်။
ကုန်ဝယ်အမှာစာအသစ်များလျော့နည်းလာခြင်းသည် အချိန်ကြာမြင့်မည်ဆိုပါက ကုန်ထုတ် လုပ်သူများအနေဖြင့် စက်ရုံအတွက်အဓိကလိုအပ်သည့် သွင်းအားစုများပြန်လည်ဖြည့်တင်းရန် ခက်ခဲလာနိုင်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ အလုပ် သမားအင်အားသည်လည်း ပထမ၄ လတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ပြီး အလုပ် ထွက်ခြင်းနှင့် ပြန်လည်ခန့်အပ်ခြင်းမပြုခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။ အလုပ်သမားအင်အားလျော့နည်းခြင်းကြောင့် ကုန်ထုတ်လုပ်ရာတွင် ကြန့်ကြာမှုများဖြစ်ပေါ် လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း သင့်တင့်သည့်နှုန်းထားတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဝယ်လိုအားဆက်လက်တိုးမြင့်ရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားကျဆင်းနေပြီး အဝယ်အမှာစာအသစ်များကျဆင်းနေသည့်အချိန်တွင် ရင်ဆိုင်နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်စေရန်လိုအပ်ပြီး ထို့မှသာ ပြည်တွင်းဈေးကွက်ဈေးနှုန်းတည်ငြိမ်နိုင်မည်ဖြစ်ပါသည်။ ကုန်ထုတ်လုပ်သူများအနေဖြင့် ကုန်ဝယ်အမှာစာအသစ်များပြန်လည်မြင့်တက်လာရန်နှင့် လာမည့်နှစ် များတွင် ကုန်ထုတ်လုပ်မှုများ ဆက်လက်တိုးမြင့်လာရန် မျှော်လင့်ပါကြောင်း ဖော်ပြပါရှိပါသည်။
Source: https://www.philstar.com/business/2025/06/03/2447706/factory-activity-grows-slower-pace-may
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)