International News

အပြန်အလှန်သွင်းကုန်ခွန်နှုန်းထားများပြင်ဆင်ခြင်းကို သက်တမ်းတိုးမြှင့်ခြင်းသမ္မတအမိန့် ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်သမ္မတက “အပြန်အလှန်သွင်းကုန်ခွန်နှုန်းထားများပြင်ဆင်ခြင်းကို သက်တမ်းတိုးမြှင့်ခြင်း(Extending the Modification of the Reciprocal Tariff Rates)” သမ္မတအမိန့်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါသမ္မတအမိန့်တွင် အမေရိကန်နိုင်ငံက ကုန်သွယ်ဖက်နိုင်ငံများအပေါ် သွင်းကုန်ခွန်ကောက်ခံရန် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် သမ္မတအမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းသမ္မတအမိန့်ကို ပြင်ဆင်သည့်အမိန့်အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ထုတ်ပြန်၍ တရုတ်နိုင်ငံမှအပ အပြန်အလှန်သွင်းကုန်ခွန်ကောက်ခံမည်ဖြစ် ကြောင်း ချမှတ်ခဲ့သည့်နိုင်ငံများအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ရက်(၉၀) ဆိုင်းငံ့၍ ဆိုင်းငံ့ကာလအတွင်း သွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပါကြောင်း၊ ယင်းသမ္မတအမိန့်အရ ဆိုင်းငံ့ကာလသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် သက်တမ်းကုန်ဆုံး၍ ဇူလိုင်လ ၉ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေ အနေများအပါအဝင် အကြီးတန်းအစိုးရအရာရှိကြီးများ၏ အကြံပြုချက်နှင့် အချက် အလက်များကိုအခြေခံ၍ ဆိုင်းငံ့ကာလကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်အထိတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် သီးခြားသွင်းကုန်ခွန်ဆိုင်းငံ့ခြင်းအမိန့်သည် ဆက်လက်အသက်ဝင်မည်ဖြစ်ပြီး ဤသမ္မတအမိန့်ကြောင့်ပြောင်းလဲမှုမရှိမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသမ္မတအမိန့်အရ အမေရိကန်နိုင်ငံက ကုန်သွယ်ဖက်နိုင်ငံများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့်ရက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင်စတင်မည့်အစား ဩဂုတ်လ ၁ ရက်တွင် စတင်ရန် သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

Source: The White House

https://www.whitehouse.gov/presidential-actions/2025/07/extending-the-modification-of-the-reciprocal-tariff-rates/

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News