International News

သွင်းကုန်ခွန်ကောက်ခံမည့်ဆိုင်းငံ့ရက်ကို ထပ်မံသက်တမ်းတိုးမည်မဟုတ်ဟု သမ္မတထရမ့်က ဆို

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် သွင်းကုန်ခွန်ကောက်ခံမည့်ဆိုင်းငံ့ရက်ကို ထပ်မံသက်တမ်းတိုးမြှင့်မည်မဟုတ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial”၌ “၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ အမေရိကန်နိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ကောက်ခံမည့်  သွင်းကုန်ခွန်နှုန်းထားသစ်နှင့်ပတ်သက်သည့်ပေးပို့စာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် စတင်ပေးပို့ခဲ့ပြီး ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့အပြင် သတ်မှတ်ကာလအချိန်တိုအတွင်း၌ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ကောက်ခံမည့်ရက်ကို ပြောင်းလဲမည်မဟုတ်သကဲ့သို့ အခြားပြောင်းလဲမှုတစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ်ကြောင်း၊ တစ်နည်းဆိုရသော် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ ပေးဆောင်ရမည်ဖြစ်သော၊ ပေးဆောင်ရန်ကျသင့်သော ငွေကိုပေးရမည်ဖြစ်ကြောင်းနှင့် သွင်းကုန်ခွန်ကောက်ခံမည့်ဆိုင်းငံ့ရက်ကို ထပ်မံသက်တမ်းတိုးမြှင့်တော့မည်မဟုတ်ကြောင်း” ရေးသား ဖော်ပြခဲ့ပါသည်။   

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News