အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေးနီသွင်းကုန်များအပေါ် သွင်းကုန်ခွန် (၅၀)ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်းအစိုးရအဖွဲ့အစည်းအဝေး၌ သတင်း ဌာနများ၏ မေးခွန်းကို ဖြေကြားစဉ် ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။ သမ္မတထရမ့်က “ဆေးဝါးပစ္စည်း၊ Chips နှင့် အခြားကုန်ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍ သွင်းကုန်ခွန်ချမှတ်ရန် ကြေညာသွားမည်ဖြစ်ကြောင်း၊ သံမဏိသွင်းကုန်များအပေါ် သွင်းကုန်ခွန်(၅၀)ရာခိုင်နှုန်းအထိသတ်မှတ်ခဲ့ပြီး အလူမီနီယံသွင်းကုန်များကိုလည်း အလားတူ (၅၀)ရာခိုင်နှုန်းသတ်မှတ်ခဲ့ပါကြောင်း၊ သစ်သားထုတ်ကုန်ပစ္စည်းများကိုလည်း သွင်းကုန်ခွန်သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (ယနေ့)တွင် ကြေးနီသွင်းကုန်များအပေါ် သွင်းကုန်ခွန်(၅၀)ရာခိုင်နှုန်းသတ်မှတ်မည့်အမိန့်ကို ထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
သမ္မတထရမ့်က ကြေးနီသွင်းကုန်များအပေါ် သွင်းကုန်ခွန်(၅၀)ရာခိုင်နှုန်းကောက် ခံမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် ကြေးနီဈေးနှုန်းများမြင့်တက်ခဲ့ပြီး ကြေးနီ ကုမ္ပဏီများဖြစ်သည့် Freeport McMoRan နှင့် Southern Copper တို့၏စတော့ရှယ်ယာဈေးနှုန်းများနှင့် အမေရိကန်ကြေးနီအညွှန်းကိန်းတို့လည်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Source: Fox Business News
https://www.foxbusiness.com/live-news/investors-eye-trump-trade-deals-tariffs-amazon-prime-day-hit-by-rivals-live-updates
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)