ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့(BOI)သည် စုစုပေါင်းဘတ် ၉၅၈ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ)တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံ ကိန်း ၆ ခုကိုအတည်ပြုခဲ့ကြောင်း မေ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းစီမံကိန်းများအနက် အကြီးမားဆုံးမှာ TikTok ၏မိခင်ကုမ္ပဏီ ByteDance က ဆောင်ရွက်မည့် Data Center နှင့် Cloud Infrastructure Project ဖြစ်သည်။ ထိုင်းအစိုးရသည် ASEAN ဒေသအတွင်း Digital Economy Hub တစ်ခုအဖြစ် ရပ်တည်နိုင်ရန် AI, Cloud Computing, Data Center နှင့် Semiconductor Industries များကို အထူးအားပေးနေပြီး TikTok ၏ ရင်းနှီးမြှုပ်နှံမှုသည် ထိုင်း၏ Digital Transformation Strategy အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဟု သတ်မှတ်ခံထားရသည်။
BOI အဆိုအရ ယခုခွင့်ပြုထားသော စီမံကိန်းများသည် နိုင်ငံအတွင်း အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ခြင်းနှင့် High-Tech Industry များတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။ ထို့ပြင် Singapore နှင့် Malaysia တို့နှင့် ယှဉ်ပြိုင်နိုင်မည့် Regional Data Hub အဖြစ် Thailand ကိုမြှင့်တင်နိုင်ရန်လည်း ရည်ရွယ်ထားသည်။ သို့သော် AI နှင့် Data Center Sector များ လျင်မြန်စွာတိုးချဲ့လာမှုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ Cybersecurity နှင့် Data Governance ဆိုင်ရာစိန်ခေါ်မှုများလည်း တိုးလာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။
Source: Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)