International News

ရေနံစျေးနှုန်းများမြင့်မားနေခြင်းသည် ရုရှားကိုပိုမိုချမ်းသာလာစေသော်လည်း ၎င်း၏စီးပွားရေးတိုးတက်မှုကို အထောက်အကူမပြုကြောင်း Goldman မှ ပြောကြား

Last Updated:

အရေးယူပိတ်ဆို့မှုများခံနေရသော ရုရှားနိုင်ငံသည် ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ဝင်ငွေပိုမိုရရှိနေသော်လည်း၊ ထိုအခြေအနေက ရုရှားစီးပွားရေးကို အရှိန်အဟုန်ဖြင့်တိုးတက်စေမည်ဟု မဆိုလိုကြောင်း Goldman Sachs က ပြောကြားခဲ့သည်။

နိုင်ငံတကာရေနံဈေးနှုန်းစံသတ်မှတ်ချက်ဖြစ်သော Brent crude futures သည် အင်္ဂါနေ့နှောင်းပိုင်းတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၂ ခန့်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ အီရန်စစ်ပွဲ စတင်ကတည်းက ၃၀ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့သည်။

ယင်းအခြေအနေသည် ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျပြီးနောက် တတိယအကြီးဆုံးရေနံထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သော ရုရှားအတွက် အကျိုးရှိစေခဲ့သည်။

အခြားရေနံတင်ပို့သည့် နိုင်ငံများစွာနှင့်မတူဘဲ ရုရှားသည် ၎င်း၏ရေနံတင်ပို့မှုများအတွက် Strait of Hormuz ရေလက်ကြားကို အဓိကမမှီခိုရပေ။ ထို့ကြောင့် ကမ္ဘာ့ရေနံဈေးကွက်အတွင်း လတ်တလောဖြစ်ပေါ်နေသော အနှောင့်အယှက်များမှ အကျိုးခံစားရသည့် နိုင်ငံအနည်းငယ်အနက် ရုရှားလည်း တစ်နိုင်ငံဖြစ်လာခဲ့သည်။

သို့သော် ပြဿနာမှာ ရုရှားစီးပွားရေးသည် ထပ်မံချဲ့ထွင်နိုင်ရန် နေရာအကန့် အသတ်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ရေနံမှရရှိလာသော အပိုဝင်ငွေများသည် စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်သည့် အတိုင်းအတာမှာ ကန့်သတ်ထားကြောင်း Goldman Sachs မှ စီးပွားရေးပညာရှင် Clemens Grafe က အင်္ဂါနေ့ထုတ်မှတ်ချက်တွင် ရေးသားခဲ့သည်။

Bottom of Form

Source: https://www.finmarket.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News