International News

တရုတ်နိုင်ငံ၏ အီလက်ထရောနစ် စီးပွားရေးကဏ္ဍ(e-commerce)သည် ၂၀၂၅ ခုနှစ်၊ ပထမ ၇ လ အတွင်း တည်ငြိမ်စွာ တိုးတက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံ၏ အီလက်ထရောနစ်စီးပွား ရေးကဏ္ဍ(e-commerce)သည် တည်ငြိမ်စွာတိုးတက်လာလျက်ရှိပြီး ထုတ်ကုန်မျိုးစုံအွန်လိုင်းရောင်းချမှုတွင် သိသိသာသာတိုးတက်မှုရှိခဲ့ကြောင်း သိရှိရသည်။

အမျိုးသားစာရင်းအင်းဗျူရို(National Bureau of Statistics)၏အချက်အလက်များအရ ယခု ၂၀၂၅ ခုနှစ် ပထမ ခုနှစ်လအတွင်း နိုင်ငံ၏အွန်လိုင်းလက်လီရောင်းချမှုများ(online retail sales)သည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဒီဂျစ်တယ်ပစ္စည်းများ(Digital gadgets)နှင့် အဟောင်းပေးအသစ်ယူစနစ်များ(trade-in programs)သည် အွန်လိုင်းသုံးစွဲမှု၏ စားသုံးမှုအသစ်များ(new consumption drivers)ဖြစ်ကြောင်းနှင့် လူသုံးကွန်ပျူတာ(PC)ရောင်းချမှုများတွင် ၂၉.၉ ရာခိုင်နှုန်းနှင့် ဝတ်ဆင်နိုင်သောစမတ်ကိရိယာ(smart wearables)ရောင်းချမှုများတွင် ၂၈.၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ဝန်ဆောင်မှုစားသုံးမှုများ (service consumption)သည်လည်း ယင်းကာလအတွင်း လျင်မြန်စွာတိုးတက်ခဲ့ပြီး ခရီးသွားကဏ္ဍတွင် ၂၄.၈ ရာခိုင်နှုန်း၊ စားသောက်ကုန်(catering)ကဏ္ဍတွင် ၁၆.၆ ရာခိုင်နှုန်းနှင့်ယဉ်ကျေးမှုဖျော်ဖြေရေး (Cultural entertainment) ၁၁ ရာခိုင်နှုန်းအသီးသီး တိုးတက်လာခဲ့သည်။

စက်မှုလုပ်ငန်းများနှင့် e-commerce ပလက်ဖောင်းများကြား ခိုင်မာသော ချိတ်ဆက်မှုများသည် ထုတ်ကုန်အမျိုးမျိုး၏ ရောင်းချမှုလမ်းကြောင်းများချဲ့ထွင်ရာ တွင်အကူအညီဖြစ်စေခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။ စိုက်ပျိုးရေးထုတ်ကုန်များ(agricultural products) ၊ အီလက်ထရောနစ်ပစ္စည်းများ(electronics)နှင့် အထည်လိပ်များ(textiles)၏ ငွေကြေးဖလှယ်မှုပမာဏများ (transaction volumes) သည် ၁၄.၅ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်း နှင့် ၆.၅ ရာခိုင်နှုန်းစသည်ဖြင့် အသီးသီးတိုးတက်ခဲ့သည်။

ပိုးလမ်းမအခြေပြု အီလက်ထရောနစ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Silk Road e-commerce cooperation)သည် အကြောင်းအရာအလိုက် အထူးအစီအစဉ်များ (thematic events)၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ချက်များ(partner ship initiatives)နှင့် လုပ်ငန်းဆိုင်ရာတွဲဖက်ညှိနှိုင်းပေးမှုများ(industry match making)မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ရောင်းချမှုများ(cross-border sales)နှင့် အပြန်အလှန်အကျိုးကျေးဇူးများ(mutual benefits)ကို မြှင့်တင်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံထုတ်အဆီခဲများ(Egyptian essential oils)နှင့် ဥဇဘက်ကစ္စတန်နိုင်ငံထုတ်မုန့်အချိုများ(Uzbek confectionery)၏အွန်လိုင်းရောင်းချမှုများသည် ယခုနှစ်လကာလအတွင်း ၁၇၉.၂ ရာခိုင်နှုန်းနှင့် ၁၀၄.၇ ရာခိုင်နှုန်းအသီးသီးတိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0823/c90000-20356620.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News