International News

ဗီယက်နမ်နိုင်ငံ၏ အေးခဲဒူးရင်းတင်ပို့မှုသည် ပထမနှစ်ဝက်အတွင်း သုံးဆမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အေးခဲထားသော ဒူးရင်းသီးတင်ပို့မှုသည် ၃ ဆမြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

ဇန်နဝါရီမှ ဇွန်လအတွင်း ပြည်ပသို့ အေးခဲထားသည့် ဒူးရင်း ၃၈၈ သုတ် သို့မဟုတ် ၁၄,၂၈၂ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလတင်ပို့မှုထက် ၃ ဆ ပိုမိုများပြားကြောင်း စိုက်ပျိုးထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့တိုးတက်လာမှုသည် ယခင်နှစ် ဩဂုတ်လတွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့်ဖြစ်ပြီး ဗီယက်နမ်သည် အေးခဲထားသော ဒူးရင်းများကို တရုတ်နိုင်ငံသို့တင်ပို့ရန်အတွက် ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာစေရန် ကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်း သိရှိရပါ သည်။ အလားတူကာလအတွင်း ဒူးရင်းလတ်လတ်ဆတ်ဆတ်များကိုလည်း ၅၁၇ ကြိမ်တင်ပို့ခဲ့ပြီး တန်ချိန် ၁၃၀,၀၀၀ နီးပါးရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက ဒူးရင်းလတ်လတ်ဆတ်ဆတ်တင်ပို့မှု တတိယ ၃ လပတ်မှစ၍ ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားပြီး စိုက်ပျိုးရေးဧရိယာ ၁၀၀၀ နီးပါးနှင့်ထုတ်ပိုးသည့် စက်ရုံများကို မကြာသေးမီက အတည်ပြုခဲ့ပြီး သို့ရာ တွင် ပြန်လည်ကောင်းမွန်လာရေးသည် အစားအသောက်ဘေးကင်းရေး၊ စံနှုန်းများနှင့်ကိုက်ညီမှုအပေါ်တွင် များစွာမူတည်ကြောင်း ရေးသားဖော်ပြထားပါသည်။

အထူးသဖြင့် အစားအသောက်ဘေးကင်းရေးစံနှုန်းများ၊ ပိုးသတ်ဆေးအကြွင်း အကျန်များ၊တားမြစ်ဓာတုပစ္စည်းများတို့ကို တင်းကြပ်စွာထိန်းချုပ်ထားခြင်းကြောင့် တင်သွင်းဈေးကွက်အတွင်း ဒူးရင်းလတ်လတ်ဆတ်ဆတ်တင်ပို့မှုမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

အကောက်ခွန်ဦးစီးဌာန၏စာရင်းများအရ ဗီယက်နမ်နိုင်ငံ၏ဒူးရင်းတင်ပို့မှုသည် ယခုနှစ် ၅ လ အတွင်း အမေရိကန်ဒေါ်လာ ၃၈၇ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၅၈ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇၈ သန်းရရှိပြီး ၆၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

ကုမ္ပဏီအများအပြားသည် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် EU တို့ကဲ့သို့သောဈေးကွက်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုပြင်ထုတ်လုပ်သည့်စက်ရုံများနှင့် သိုလှောင်ရုံများတွင် ရင်းနှီးမြှုပ်နှံလာရန် အေးခဲထားသောဒူးရင်းသီးအတွက် အလားအလာကောင်းများပေါ်ထွက်လျက်ရှိပါသည်။

ဒူးရင်းတင်ပို့မှုမြှင့်တင်ရန်အတွက် ဒူးရင်းဌာနအနေဖြင့် ဇူလိုင် ၁၂ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံရှိ ပို့ကုန်ကွင်းဆက်များကို စစ်ဆေးရန် တရုတ်နိုင်ငံ၏ အကောက်ခွန်အရာရှိများကို ဖိတ်ကြားခြင်းအပါအဝင် အစားအသောက်ဘေးကင်းရေးလိုက်နာမှုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးဧရိယာများနှင့် ထုတ်ပိုးမှုဆိုင်ရာစည်းမျဉ်းများကို အပြီးသတ်ရေးဆွဲလျက်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဧရိယာကုတ် ၁၃၉၆ ခုနှင့် ထုတ်ပိုးမှုဆိုင်ရာကုဒ် ၁၈၈ ခုကို ဇွန်လအထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံရရှိ ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News