International News

ငွေကြေးဖောင်းပွနှုန်းဖိအားရင်ဆိုင်နေရသော်လည်း အဓိကစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်စေရေး  တောင်ကိုရီးယားအစိုးရ ကြိုးပမ်းဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ အိမ်ထောင်စုဝင်များ ငွေကြေးဖောင်းပွမှုဖိအားကို ဆက် တိုက်ကြုံတွေ့နေရချိန်တွင် ဆန်နှင့်မုန်လာထုပ်ကဲ့သို့သောအဓိကစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်စေရေး အစွမ်းကုန်ကြိးပမ်းဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၅-၈-၂၀၂၅ ရက်နေ့တွင်ကျင်းပခဲ့သော စီးပွားရေးမူဝါ ဒဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး(၁) Mr. Lee Hyoung Il က ပြောကြားခဲ့ပါသည်။

ဈေးနှုန်းတည်ငြိမ်စေရေးဆောင်ရွက်ရာတွင် ရောင်းလိုအားမြှင့်တင်ခြင်းနှင့် ဈေးလျှော့ပေးခြင်းတို့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာသေးခင်ရက်သတ္တပတ် များအတွင်း အဓိကစားသောက်ကုန်များဈေးနှုန်း လွန်မင်းစွာမြင့်မားခဲ့ကြောင်း၊ သို့ဖြစ်၍ ဈေးလျှော့ပေးသည့်အစီအစဉ်များအရ ဆန်ကီလို(၂၀)လျှင် ဝမ်ငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၂.၁၆ ဒေါ်လာ)လျှော့ပေးသွားမည်ဖြစ်ပါကြောင်း၊  ထို့ပြင် ကင်ချီပြုလုပ်ရာတွင် အသုံးပြုသည့်မုန်လာထုပ်ရောင်းလိုအားကိုလည်း နှစ်ဆမြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အပူလှိုင်းနှင့် မိုးကြီးမှဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အချို့သောလယ်ယာထွက်ကုန်များ(ဥပမာ-ဖရဲသီး) အတွက်လည်း အထောက်အပံ့အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင်လအတွင်း စားသုံးသူဈေးနှုန်းများသည် (၂)ရာခိုင် နှုန်းကျော် (၂)လဆက်တိုက်မြင့်မားလာခဲ့ပါသည်။ စက်မှုလုပ်ငန်းသုံးကုန်စည်များနှင့် လယ်ယာထွက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်မားရခြင်းဖြစ်ပါကြောင်း စာရင်းထုတ်ပြန်ထားပါသည်။ လယ်ယာထွက်ကုန်ကဏ္ဍတွင် ဖရဲသီးများဈေးနှုန်းသည် ယခင်နှစ်ကထက် ၂၀.၇ ရာ ခိုင်နှုန်းမြင့်မားလာခဲ့ပြီး ဆလပ်ရွက်ဈေးနှုန်းများသည် ယခင်နှစ်အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းဈေးမြင့်လာခဲ့ကြောင်း  သတင်းထုတ်ပြန်ထားပါသည်။

Source: Korea Times

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News