International News

ထိုင်းနိုင်ငံအစိုးရက ကမ္ဘောဒီးယားမှ ကြက်နှင့် ကြက်အသေကောင်များတင်သွင်းခြင်းနှင့် ဖြတ်သန်းသယ်ဆောင်ခြင်းကို ယာယီရပ်ဆိုင်းသည့် တော်ဝင်ပြန်တမ်းထုတ်ပြန်ခဲ့

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံမှ ကြက်နှင့် ကြက်အသေကောင်များ တင်သွင်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း တော်ဝင်ပြန်တမ်းဖြင့်ထုတ်ပြန်ခဲ့ပြီး ယင်းပြန်တမ်းအရ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်မှ ရက်ပေါင်း ၉၀ အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(World Organisation for Animal Health-WOAH)က ကမ္ဘောဒီးယားနိုင်ငံရှိ ဒေသအချို့တွင် ရောဂါဖြစ်ပွားစေသော ကြက်ငှက်တုပ်ကွေးရောဂါ(H5N1) မြင့်မားစွာဖြစ်ပွားနေကြောင်းကြေညာခဲ့ပြီး အဆိုပါရောဂါသည် ဒေသအနှံ့သို့ လျင်မြန်စွာပျံ့နှံ့နိုင်ကြောင်း၊ ပြန့်ပွားမှု၏ အဓိကအကြောင်းအရင်းမှာ ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များ၊ သယ်ဆောင်သူ များ သို့မဟုတ် ရောဂါကြောင့်သေဆုံးသွားသော တိရစ္ဆာန်များ၏ အသေကောင်များကို မတူညီသောနေရာများသို့ ရွှေ့ပြောင်းခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းကြက် မွေးမြူရေးနှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ထိုင်းနိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် ကြက်မျိုးစိတ်များဖြစ်သည့် ကြက်၊ ဘဲ၊ ငန်းမျိုးပွားခြင်းအတွက် သုတ်ရည်၊ ဥဖောက်၊ ကြက်အသေကောင် စသည်တို့၏ တရား ဝင်တင်သွင်းမှုနှင့် ဖြတ်သန်းသွားလာမှုကို ရပ်ဆိုင်းရန် ထိုင်းနိုင်ငံအစိုးရက ထုတ် ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါကန့်သတ်ချက်များသည် ကမ္ဘောဒီးယားမှ ကုန် ပစ္စည်းများနှင့် အဓိကသက်ဆိုင်ပြီး တော်ဝင်ပြန်တမ်းထုတ်ပြန်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: NBT  

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News